💛 1 💛

1.8K 102 17
                                    

Part (1)

“ ဒေါ်လာ ၃သိန်း...!! Ji Min Soo shii က ဒေါ်လာ ၃သုံး ပေးလိုက်ပါပြီဗျာ !! ဒေါ်လာ ၃သိန်းနှင့်အထက် ပေးမယ့်သူရှိပါသေးလား ခင်ဗျာ ”

“ ဒေါ်လာ ၅သိန်း !! ”

**ဝိုးး** **ဝေါင်း**

မိုက်သံခပ်ကျယ်ကျယ်နဲ့ ကြော်ငြာလို့ အပြီးတင်ပဲ တည်ငြိမ်စွာ ထွက်ပြူလာတဲ့ အသံတစ်ခုကြောင့် ထိုဧရိယာ အတွင်းရှိ လူတချို့၏ အာမေဋိတ်သံ များ ထွက်ပေါ်လာလေသည်

“ အိုးးးး Park Chanyeol shii က ဒေါ်လာ ၅သိန်းပါတဲ့ဗျာ။ ဒေါ်လာ ၅သိန်းနှင့်အထက်ပေးမယ့်သူရှိပါသေးလား ဗျ!! ”

“ ဒေါ်လာ ၁၀သိန်း !! ”

ထို့နောက် ထပ်ထွက်လာသော အနောက်ဘက်မှ အသံကြောင့် Chanyeol လှည့်မကြည့်ပါဘဲ ခပ်ရေးရေး ပြုံးလိုက်မိသည်။ ပြုံးလိုက်တိုင်း နက်၀င်သွားတဲ့ ပါးချိုင့်တွေက Chanyeol ရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြော၍ရပေသည်။

“  Ji Min Soo shii က ဒေါ်လာ ၁၀သိန်းတဲ့ဗျာ!! ဒေါ်လာ ၁၀သိန်းနှင့် အထက်ပေးမယ့်သူလေးများရှိသေးရင်........”

“ ‌USD သိန်း ၅၀ဝ !! ”

ကြော်ငြာသံ မဆုံးခင်မှာတင်ပဲ ခပ်အေးအေးပဲ ထပ်ထွက်လာတဲ့ Chanyeol ရဲ့ အသံကြောင့် ပွဲနေရာ တစ်ခုလုံး တိတ်ဆိတ်ကုန်ကြသည်။

နောက်ပြန်လှည့်မကြည့်ဘဲနဲ့တောင် Ji Min Soo ဆိုသူဟာ မျက်စိမျက်နှာ ပျက်နေလောက်တယ်ဆိုတာ Chanyeol အလွယ်တကူ ခန့်မှန်းမိပါ၏။ ဘာလို့ဆို ဘေးကပ်ရပ်ထိုင်နေတဲ့ Chanyeol ရဲ့ သူငယ်ချင်း ဖြစ်သူ Jong In ကပါ Chanyeol ကို ပါးစပ်အဟောင်းသားကြီးနှင့်ကြည့်နေသည်လေ။

ဘေးနားကပ်ထိုင်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသော Jong In အား ယင်ကောင်၀င်မဥစေရန်အလို့ငှာ လက်နဲ့ ပြန်စိပေးလိုက်၏။

“ အိုးးးဟိုးးး Park Chanyeol shiiက‌ တော့ ဒေါ်လာ သိန်း၅၀၀ ပါတဲ့ဗျာ။ ဒေါ်လာ သိန်း၅၀၀နှင့်အထက်ပေးမယ့်သူ ရှိပါသေးလားဗျာ ”

“ ဒေါ်လာ သိန်း၅၀၀ တစ်ကြိမ်!!
   ဒေါ်လာ သိန်း ၅၀၀ နှစ်ကြိမ် !!
   ဒေါ်လာ သိန်း ၅၀၀ သုံးကြိမ် !! ”

“ ဝေးးး ဂုဏ်ယူပါတယ်ဗျာ။  **** နေရာရှိ မြေကွက်ကို Park Chanyeol shii က ဒေါ်လာ သိန်း ၅၀၀ နှင့် အနိုင်ယူ ရရှိသွားပါပြီ!!!!!”

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now