Part (10)
“ အော် Sehun shii!! ”
Baekhyun ပန်းသီးလေး လှီးလို့ အိမ်ရှေ့ ထွက်လာတော့ ဆိုဖာပေါ် ထိုင်နေတဲ့ Sehun ကို တွေ့တာမို့ တအံ့တဩ ခေါ်မိသည်။ သူလိုလူမျိုးက အိမ်မှာ ရှိနေတယ် ဆိုတာ ထူးဆန်းတယ်မလား?
ထိုအခါ လှည့်ကြည့်လာတဲ့ Sehun က...........“ ပန်းသီးလား ကျွေးဦး!! ”
“ ဟုတ်ကဲ့ ရော့ !! ”
Baekhyun လှီးထားတဲ့ ပန်းသီးပန်းကန်လေး ရှေ့ချပေးရင်း ဆိုဖာပေါ် ၀င်ထိုင်လိုက်သည်။
“ Sehun shii အပြင်မသွားဘူးလား? အိမ်မှာ မနက်ကတည်းကလားလို့ ”
“ အင်း၊ ရည်းစားနဲ့ ရန်ဖြစ်ထားတယ် ”
“ ဟင်? ”
ရည်းစားနဲ့ ရန်ဖြစ်ထားတယ် ဆိုတာကို ပန်းသီးစိတ် ကိုက်ရင်း အေးအေးလူလူပြောလာတဲ့ Sehun ကြောင့် Baekhyun မျက်လုံးလေးတွေ ပြူးမိသည်။
“ အဲ......အဲ့တာကို ၀မ်းမနည်းဘူးလားဟင်။ ဒီအတိုင်းနေနိုင်တယ် ”
“ ဟမ်? ငါနဲ့ Hyung က ဒီလိုပဲ ဖြစ်နေကျ ၊ ပြီးရင် ပြန်တည့်သွားကြတာပဲ ဘာကို၀မ်းနည်းရမှာ”
ပေါ့ပါ့ပါးပါး ပြန်ပြောလာတဲ့ Sehun ကြောင့် Baekhyun အံ့ဩမိတာတော့အမှန် !! Baekhyun သာ ဒယ်ဒီနဲ့ ရန်ဖြစ်မိရင် တစ်နေကုန် ငိုနေမိမလား မသိတာမို့ .....! ဟင့်အင်း ....... ဖြစ်ဖို့လည်း စိတ်မကူးရဲပါဘူး!!
“ ကျတော်သာ ဒယ်ဒီနဲ့ အဲ့လိုဖြစ်ရင် မနေနိုင်လောက်ဘူး ”
“ ဟားဟားး ........! ”
Baekhyun လေးနက်စွာပြောသည်ကို ရယ်သံသွေးလာတဲ့ Sehun ကြောင့် Baekhyun မျက်မှောင်တွေ ကျုံ့မိသည်။ ထို့နောက် သူက ဆက်ပြောလာသည်။
“ .......... ဒီမှာ Baekhyun ရဲ့!! ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာ မကြားဖူးဘူးလား? အဲ့လိုတွေက ပိုမြဲတတ်တယ်ကွ .....!! နောက်ပြီး ပိုလည်း ရင်ခုန်ဖို့ကောင်းတယ် ။ မင်းလည်း ဦးလေးနဲ့ စမ်းကြည့်သင့်တယ် ဟဲဟဲ !! ”
ဆက်ပြောလာတဲ့ Sehun စကားတွေကြောင့် Baekhyun တွေတွေလေး ငြိမ်ရင်းစဉ်းစားမိသည်။ Sehun ပြောတာတော့ ဟုတ်သလိုလိုရှိပေမယ့် Baekhyun ကတော့ အဲ့လိုမျိုး မစမ်းကြည့်ချင်ပါ။ ဒယ်ဒီ မျက်ခုံးတွေ တွန့်ချိုးပြီး ကြည့်ရင်တောင် ရင်ထဲက လှိုက်တတ်လာပြီး မျက်ရည်တွေ ဝဲလာမယ့် ကိုယ့်နှလုံးသားရဲ့ ခံနိုင်ရည် ကိုယ် သိတာမို့ ...........
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...