Part 2
“ အေး...... မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုလုပ်စရာလား? မှန်းစမ်း အထက်တန်းကျောင်းသားတွေလား? ”
Jong In အား လက်အုပ်ချီကာတောင်းပန်နေသော ကောင်လေးရဲ့ Mask ကို ဆွဲချွတ်လိုက်မိတော့...
“ ဟင်? Kyung...... Kyung Soo?? ”
ထိုကောင်လေးမျက်နှာကို မြင်သည်နှင့် နာမည်တစ်ခုကို ကောက်ရွတ်လိုက်သော Jong In ကြောင့် Chanyeol မျက်လုံးပြူးကြည့်မိသည်။
“ နေပါဦး ! မင်းကသူ့ကို သိတာလား? ”
“ Kyung Soo...... Kyung Soo လေးက ဘယ်လိုဖြစ်ပြီး........... ကဲ.. ကဲ ထပါဦး! ”
Chanyeol မေးနေသည်ကို တစ်ချက်မှ တောင် အာရုံမရဘဲ ထိုငိုယိုနေတဲ့ ကောင်လေးကိုသာ အတင်းဆွဲထူရင်း စကားပြောနေတာကြောင့် Chanyeol ကသာ လူပိုကြီးလို........!
“ ကျ..... ကျတော့် ကိုသိတာလား? အဲ့~ တာဆို မေမေ့ကို ပြန်မတိုင်ပါနဲ့ ..... ဦးရယ်။ မေမေက ကျန်းမာရေးမကောင်းတော့ စိတ်မကောင်းမဖြစ်စေချင်လို့ပါ။ တောင်းပန်ပါတယ်နော် ~ ! ”
Kyung Soo က သူ့ကိုသိတယ်လည်းဆိုရော Jong In ကို ပြာပြာသလဲ တောင်းပန်တော့သည်။
ဘယ့်နှယ့် ....... ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိရဲ့သားနဲ့များ ခုကျမှ ဟိုကိုမတိုင်ပါနဲ့ ဒီကိုမတိုင်ပါနဲ့ လို့ရှိရသေးတယ်။ Chanyeol အနေနဲ့တော့ ဘယ်လိုမှ မသနားနိုင်ပါ။ မှတ်သွားအောင် ဆုံးမပေးမှ ရမည်ဟုတွေးကာ လက်ထဲက ကောင်လေးကို အမိအရ ဆွဲဖမ်းထားသည်။
“ အင်း ...... ကိုယ် Kyung Soo လေး ကို သိပါတယ် ကွာ။ ပြန်လည်းမတိုင်ဘူး ငိုမနေနဲ့တော့နော်။ ဘာလို့ ဒီလို လုပ်လဲ ဆိုတာ ကိုယ့်ကိုပြောပြ !! ”
Jong In ရဲ့ စကားသံကိုကြားမိပြီးနောက် Chanyeol ခေါင်းပေါ်ကနေ ကျီးကန်းတစ်ကောင် တအအ အော်ပြီး ပျံသွားသလို ခံစားလိုက်ရသည်။ စောနကပဲ ရုံးပို့မယ် ဘာပို့မယ်က သူမဟုတ်သလို Kyung Soo ဆိုတဲ့ ကောင်လေးမှန်းလည်းသိရော တစ်သက်လုံးက မလုပ်ဖူးတဲ့ဟာကိုခုမှ ကြင်နာပြနေလိုက်တာ!!
“ ဟေ့ကောင်! မင်း က ဒီကောင်လေးကို ဘယ်လိုသိတာလဲ? ဘာပဲဖြစ်နေနေ အလစ်သုတ်သမားတွေကိုတော့ ဒီတိုင်း လွှတ်ပေးလို့မရဘူးလေ ”
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...