Part (19)
လှပသော ညနေခင်း..........
ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ ဂိတ်ပေါက်၀ တစ်ခုဟာ ဖြေးညှင်းစွာ လက်တွဲ၍ လမ်းလျှောက်လာသော ချစ်သူနှစ်ဦးအား ကြိုဆို၏။
သာမန်နေ့ရက်........
သာမာန်အချိန်........
သာမာန် ညနေခင်းလေးပါပဲ.........မကျဉ်းလှ မကျယ်လှတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်နေရာရဲ့ အပန်းဖြေ ပန်းခြံလေးတစ်ခုမှာပေါ့.......
ညနေစောင်းမို့ အတွဲတချို့ ၊ ပြေးလွှားဆော့ကစားနေသော ကလေးငယ်တချို့ ၊ ခပ်မြင့်မြင့် ပျံသန်းနေတဲ့ ငှက်ငယ်တချို့က ဝါကျင့်ကျင့် မီးရောင်နဲ့အတူ ပန်းခြံ၀န်းကျင်ကို ရိုးရှင်းစွာအလှဆင်နေသည်။
အေးငြိမ့်ငြိမ့် တိုက်ခတ်လာသော လေအဝှေ့လေးကြောင့် ဘေးနားက ကောင်လေး တစ်ချက်တုန်သွားသည်ကို Chanyeol သတိထားမိလိုက်သည်။
ပန်းခြံရဲ့ ခုံတန်းရှည်လေးတစ်နေရာမှာ ထိုင်နေရင်းပင် ဘေးနားက ကောင်လေးကို ရင်ခွင်ထဲ ထည့်မိလိုက်၏။
မျက်နှာလှလှကို ငုံ့ကြည့်မိတော့ ရဲတွတ်နေတဲ့ နှာဖျားလေး.............
Chanyeol လက်ဖဝါးတွေနှင့်ပင် ထိုကောင်လေးရဲ့ ပါးပြင်တွေကို အုပ်ကိုင်ကာ အနွေးဓါတ်ပေးနေမိသည်။“ အဆိုးလေး!! အေးလို့ အပြင်မထွက်ပါနဲ့ဆို ခုတော့ ချမ်းနေပြီမလား ”
“ ကျတော်ချမ်းနေရင် ဒယ်ဒီက ဖတ်ထားရမှာလေ ~ ! ”
“ ဟားးးဟားး...... ဟုတ်ပါပြီ ဗျာ!! ဖတ်ထားလိုက်ပါပြီ ခင်ဗျ ~ ! ”
Chanyeol က Baekhyun ရဲ့ အဖြေကို သဘောကျစွာ ခပ်ဟဟရယ်ရင်း ဖတ်တွယ်ထားသော လက်နှစ်ဖတ်ကို ပို၍ တင်းကြပ်စေလိုက်၏။ Baekhyun ကလည်း Chanyeol ၏ ရင်ခွင်ထဲ ပိုလို့တိုး၀င်ကာ အနွေးဓါတ်ကို ခံယူလိုက်သည်။
ထိုချစ်သူနှစ်ဦး၏ နှလုံးသားတွေလည်း နွေးထွေးနေလောက်၏။
“ အလည်လေးက အဲ့လောက်ချစ်ဖို့ကောင်းနေမှတော့ ဘယ်လိုလုပ်ရပါ့မလဲဟင်? ဒီလူကြီးတော့ ရုန်းမထွက်နိုင်တော့ဘူးထင်ရဲ့!! ”
“ ဟင့်အင်း......မရပါဘူးနော်။ ဒီက လူကြီးက ကျတော့်ဆီမှာ သေချာပေါက် ကျရှုံးနေရမှာ!! ”
![](https://img.wattpad.com/cover/333808374-288-k624459.jpg)
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...