Part (27)
တိမ်တိုက်တွေ အစုလိုက် အပုံလိုက် ဖြင့် လှပနေသော ကောင်းကင်ဟာ နေရောင်ကြောင့် ပိုမို ပနံသင့်လှသည်။
နှင်းပွင့်တွေ မကျသေးတာကြောင့် အေးစိမ့်စိမ့် အနေအထားက လူတိုင်းအတွက် သဘောကျစရာ ရာသီဥတုတစ်ခုပါပင် !!
ထိုကဲ့သို့ သာယာလှသော နေ့လေးတစ်နေ့မှာ Baekhyun ကတော့ ပေါ့ပါးတဲ့ ၀တ်စုံလေးကို ၀တ်ဆင်ပြီး ဒယ်ဒီ့လက်မောင်းကိုချိတ်ကာ အပြင်သွားဖို့ အဆင်သင့် !!
“ ၀တ်စုံကို ငါကလက်ဖွဲ့မယ်လို့ ပြောတယ်နော် Chanyeol ၊ Baekhyuniee သဘောကျတာတွေ့တာနဲ့ လှမ်းပြီးဆက်သွယ်လိုက်။ ကြားလား?? ”
“ ဟုတ်ပါပြီ ဗျာ တစ်ခါပြောလည်းသိပါပြီ !! ”
“ မင်္ဂလာ လက်စွပ်ကို Jong In တို့ အဒေါ်ဆီကပဲ ရွေး....... !! နောက်ပြီး....... မင်္ဂလာ ခန်းမကိုကျ ငါ့အသိတစ်ယောက်ရဲ့.......”
“ ကဲ.....မမ! ကျတော်တို့ ဒီနေ့ သွားရော သွားရဦးမှာလား? မှာတမ်းခြွေနေတာ မပြီးသေးဘူး။ ဒီက သတို့သားလောင်းက ဆယ်ကျော်သက်လေးမို့လို့လားဗျ ”
Chanyeol က ပြောလိုက်တော့မှပဲ မမ က ပေတီပေကပ်နှင့် ငြိမ်သွားတော့သည်။ မင်္ဂလာပွဲအတွက် ရက်စီစဉ် ပြီးတာကြောင့် လိုအပ်မယ့် အရာတွေ ၀ယ်ရအောင် ကလေးငယ်နဲ့ Shopping ထွက်ခါနီးမှ မှာတမ်းခြွေနေပါသော မမတစ်ယောက်ဟာ Chanyeol ကို ခုထိ ကလေးလို့မြင်နေတုန်း !!
“ ခိခိ ကဲပါ..... လူကြီးက တိကျအောင်မှာတာကို ဒယ်ဒီကလည်း! ”
“ အေးလေ အေးလေ ....! Baekhyuniee လေးကမှ သိတတ် နားလည်သေးတယ် ! ဟုတ်ပ ...”
ထိုအခါကျမှပဲ သုံးယောက်သားပြိုင်တူရယ်မိတော့သည်။ မြို့ပြင်နားမှာ တူတူနေရမယ့် အိမ်လေးတစ်လုံးရှိပေမယ့် မမရဲ့ တောင်းဆိုမှုကြောင့် Chanyeol နှင့် Baekhyun လက်ထပ်ပြီးမှသာ ထိုအိမ်လေးကို ပြောင်းရွှေ့ဖြစ်တော့မည်ဖြစ်သည်။ လောလောဆယ်တော့ ဒီအိမ်မှာပဲ နေဖြစ်နေသည်။
စကားလက်စသတ်ပြီးတာနဲ့ ချစ်ရသူလေးအား ဘေးနားထိုင်စေလို့ကားကိုမောင်းကာ ထွက်လာလိုက်သည်။
“ အခု ဘယ်အရင်သွားကြရင်ကောင်းမလဲ ကလေး!! ”
“ စားသောက်ဆိုင်! ”
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...