Part (23)
ဂျပန်က ပြန်ရောက်ပြီးတာနဲ့ Baekhyun ကတော့ ပုံမှန်နေ့ရက်လေးတွေကို ပြန်လည် ဖြတ်သန်းဖြစ်သည်။
ဒီနေ့တော့ Baekhyun မနက်ပိုင်း ဒယ်ဒီအလုပ်သွားဖို့ကို နှုတ်ဆက်ပြီးတာနဲ့ ခြံထဲမှာရေလောင်းဖို့ ထွက်လာလိုက်သည်။
ပန်းပင်တွေကို ခြံစောင့်ဦးလေးကြီးက သေချာစောင့်ရှောက်ပေးပေမယ့် Baekhyun ရှိနေချိန်တော့ ကိုယ်တိုင်လုပ်ရမှကြိုက်တာမလို့ ဦးလေးကြီးကလည်း မတားပါချေ !!
အပင်လေးများကို သေချာလှည့်ပတ်ကြည့်နေရင်းမှ Baekhyun ရဲ့ အာရုံကို ဆွဲဆောင်မှုတစ်ခု က၀င်ရောက်လာသည်။
ဒယ်ဒီတို့ ခြံ၀န်းကြီးမှာ အိမ်နှစ်လုံးရှိတာ Baekhyun စရောက်ကတည်းကသိတာပေမယ့် ဒယ်ဒီက အဲ့အိမ်ဖတ်ကို မသွားဖို့ မှာထားတာကြောင့် Baekhyun လှည့်တောင်မကြည့်ဖြစ်သော်လည်း အခုတော့ ရေကူးကန်ထဲမှာ ကူးခတ်နေသူတစ်ဦး!!
ထိုမိန်းကလေးက အဲ့ဖတ်အိမ်မှ ဖြစ်ဟန်တူသည်။ သို့သော်လည်း ရေကူးကန်ကအစ ဒီ ခြံ၀င်းတစ်ခုလုံးဟာ ဒယ်ဒီ့အပိုင်ဖြစ်တာမို့ သူမအနေနဲ့ ရေကူးခွင့်ရှိပါ့မလား??
Baekhyun ထိုအရာကို စဉ်းစားနေရင်း ထိုမိန်းကလေး ရေကူးတာကို ကြည့်နေလိုက်မိသည်။
Baekhyun ကြည့်နေတာကို မြင်သွားတဲ့ ထိုမိန်းကလေးဟာ အပြုံးတစ်ခုဆင်မြန်းရင်း Baekhyun ထံသို့ လမ်းလျှောက်လာလေသည်။
Baekhyun လည်း အမြန်မျက်နှာလွှဲပြီး ရှောင်ထွက်ဖို့ လုပ်ပေမယ့် နောက်မှ အင်္ကျီသို့ လှမ်းဆွဲခြင်းကို ခံလိုက်ရသည်။
” အ့......ဟင့် ~ ”
Baekhyun ဟန်ချက်ပျက်သွားချိန်လေးမှာတင်ပဲ Baekhyun ရင်ခွင်ထဲသို့အတင်းတိုး၀င်လာတဲ့ ထိုမိန်းကလေးကြောင့် လက်ထဲမှာ ကိုင်ထားသော ရေခရားကိုပင် အလန့်တကြားလွှတ်ချမိသည်။
” တော်သေးတာပေါ့ ကျမပြုတ်ကျတော့မလို့ ~ ”
“ ခင်ဗျား ကျတော့်ကို လာဆွဲတာလေ။ ဖယ်ပါဦး...!! ”
တမင်အကွက်ဆင်နေမှန်းသိတာမို့ Baekhyun ရှောင်ဖယ်လိုသည်အနေဖြင့် သူမ ဆွဲထားသော လက်မောင်းကို ရုန်းလိုက်သည်။ သို့သော်လည်း သူမက အလွှတ်မပေးချေ။
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...