Part (24)
အပူချိန်တဖြေးဖြေးကျဆင်းလာတဲ့ အခါ ဆောင်းဦးကို ကြိုဆိုရင်း ရော်ရွက်ဝါတွေကြွေကြသည်။
ဆောင်းဦး မှ တဖန် ခပ်စိမ့်စိမ့် အေးတဲ့ ဆောင်းရာသီကို ကူးပြောင်းပြန်တော့လည်း မြူခိုးမှိုင်းမှိုင်းက ပတ်၀န်းကျင်ကို လှစေနိုင်သေး၏။
ရက်စွဲတွေ အလီလီ ပြောင်းလို့ ကုန်လွန်လာတဲ့ လပေါင်းများစွာတိုင်းဟာ Baekhyun အတွက်တော့ လှပတဲ့ ပြောင်းလဲ ခြင်းတွေပါပဲ ....
နေ့ရက်တိုင်းဟာ ဒယ်ဒီ ရင်ခွင်မှာတင် နွေးထွေးပြီး ဒယ်ဒီရဲ့ ပါးချိုင့်နက်နက် အပြုံးမှာတင် အေးချမ်းရသည်။
ကုန်လွန်လာတဲ့ အခြေအနေအရ ခုဆို ဒယ်ဒီနဲ့ အတူရှိလာခဲ့တာ တစ်နှစ်တောင်ပြည့်တော့မည်။
ချမ်းသာတဲ့ လူကြီးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို ဆွဲလုဖို့ ကြိုးစားခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို တွေးမိရင် Baekhyun ရှက်သလိုလိုဖြင့် ရယ်မိသည်။
ထိုအလစ်သုတ်သမားလေးက သူ အလစ်သုတ်ဖူးတဲ့ သူဌေးနဲ့ ချစ်သူတွေ ဖြစ်ကြမယ်လို့ ဘယ်သူထင်မှာလဲ?
ပြန်တွေးကြည့်ရင် ထို တွေ့ဆုံမှုလေးက အနည်းငယ်တော့ ဆန်းကြယ်လှသည်။
November လ ထဲမှာ ရောက်ရှိမယ့် Baekhyun ကို ဒယ်ဒီ ဒီအိမ်ကို ခေါ်လာခဲ့တဲ့ နေ့လေး တစ်နှစ်ပြည့်တဲ့အခါ လှပတဲ့ အချိန်လေးတွေ ဖြစ်ရအောင် Baekhyun ဖန်တီးပေးချင်မိသည်။
Baekhyun လိုသမျှ အရာရာကို ဖြည့်ဆည်းပေးနေတဲ့ ဒယ်ဒီ့အတွက် Baekhyun ကလည်း အမှတ်တရနေ့လေးမှာတော့ ဒယ်ဒီ အံ့ဩသွားအောင် ဖြစ်ဖြစ် လုပ်ပေးချင်မိသည်။
သို့သော် အကြံက ခုထိ ထုတ်မရသေးတာကြောင့် Kyung Soo ကိုသာ အကူအညီတောင်းဖို့ ဖုန်းကို ထုတ်လိုက်စဉ် ........
**တီ** တီ**
ခြံရှေ့က ကားသံကြားတာကြောင့် Baekhyun မတ်တပ်ထရပ်လိုက်သည်။ တပြိုင်နက်ထဲ နာရီကို ကြည့်မိတော့ ဒယ်ဒီ့ရုံးဆင်းချိန် !!
အဆင်သင့် ထွက်ကြိုရန် ဖုန်းလေးကိုသိမ်းလိုက်ပြီး အိမ်ရှေ့ပေါက်၀ ရပ်စောင့်နေလိုက်သည်။
STAI LEGGENDO
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...