Part (7)
မှောင်ရီပျိုးစ ညနေအချိန်တစ်ခုမှာ Mercedes Benz G65 ကားကြီးတစ်စီးကတော့ ကတ္တရာလမ်းဖြူးဖြူးပေါ်တွင် ပုံမှန်အရှိန်လေးနဲ့ ခုတ်မောင်းလို့နေသည်။
အေးစက်စက်လက်နှစ်ဖတ်က ကားအဲကွန်းကြောင့်လား ညီမလေးကို တွေ့ရမည်ကြောင့်လား မပြောတတ်ပေမယ့် Baekhyun လက်လေးနှစ်ဖတ်ကိုတော့ ဆုပ်နယ်မိနေသည်။
စိတ်ထဲမှလည်း ညီမလေး အဆင်ပြေစေဖို့ ဆုတောင်းရင်း..........
“ ကလေး.......ချမ်းနေလို့လား ? အဲကွန်းလျှော့ပေးရမလား ”
လက်လေးနှစ်ဖတ်ကို ကျစ်ကျစ်ဆုပ်ထားတာကြောင့် ကားမောင်းနေတဲ့ ဒယ်ဒီက Baekhyun လက်လေးတွေကို ဆုပ်ကိုင်ကာ တစ်ချက်လှည့်ကြည့်ရင်းမေးလာသည်။
ဒယ်ဒီ့ လက်ဖဝါးတွေက နွေးထွေးလွန်းလှသည်။
“ ရတယ် ဒယ်ဒီ !! ကျတော် ညီမလေးနဲ့ တွေ့ချင်လွန်းနေလို့ ”
တစ်ခါမှ ခွဲမနေဖူးတဲ့ Baekhyun တို့ မောင်နှမဟာ ညီမလေးကို ဆေးရုံတင်ထားလိုက်ပြီးနောက်ပိုင်းမှာ အခုမှ ဒယ်ဒီလိုက်ပို့လို့ ညီမလေး ရှိတဲ့ ဆေးရုံကို Baekhyun သွားခွင့်ရသည်။
အမွှာမောင်နှမတွေမို့ Baekhyun ဖတ်က အရမ်းလွမ်းနေသလို ညီမလေးဖတ်ကလည်း သေချာပေါက် လွမ်းနေလောက်မယ် ဆိုတာ Baekhyun ခန့်မှန်းမိပါသည်။
Baekhyun ဒယ်ဒီ့အိမ်ကို စရောက်ကတည်းက အလုပ်ရှုပ်နေတဲ့ ဒယ်ဒီကြောင့် ညီမလေးနဲ့ ဝေးနေရတာ သုံးရက်တောင် ရှိပြီမို့ ညီမလေး Baekhyun ကို တွေ့ရင် ဘယ်လိုများ နေမလဲ သိချင်နေသည်။
ဒယ်ဒီ မအားတာကို သိတာမို့ Baekhyun အနေနဲ့ ဒယ်ဒီ့ကို ဘာမှ တောင်းဆိုခြင်းမရှိခဲ့!! အခုတောင် ကုမ္ပဏီက စောပြန်လာပြီး ပြန်ရောက်ရောက်ချင်း Baekhyun ကို ညီမလေးဆီ ပို့ပေးတဲ့ ဒယ်ဒီက သိပ်ကို ကျေးဇူးတင်စရာကောင်းလှပါသည်။
“ ဒယ်ဒီ့ကို ဘာတွေ အဲ့လောက်တောင် ကြည့်နေတာလဲ ကလေးလေး !! ”
ကားမောင်းရင်းနဲ့ သူ့ကို ကြည့်နေကြောင်းသတိထားမိလာတဲ့ ဒယ်ဒီက ပြုံးစစလေးနဲ့ မေးလာသည်။ Baekhyun လည်း တစ်ချက်ပြုံးလိုက်ပြီး...........
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...