Part (5)
“ ကျတော် ဦးကို ချစ်တယ်လို့ !! ဦး ကို ချစ်နေတာ ကြာပြီ........ ကျတော် ဦး ကို အရမ်းချစ်တယ် ~ ဟင့် ~ !! ”
“ ဟမ်? ”
Chanyeol မျက်လုံးတွေပြူးကျယ်မိကာ ကားအ၀င်၀မှာတင် မလှုပ်မယှက်ဖြစ်မိသည်။ ထိုကလေးလေး ပြောဆိုလာတဲ့ စကားတွေကြောင့်ရော Chanyeol လည်ပင်းသို့ သိုင်းဖတ်ခံလိုက်ရတာကြောင့်ရော Chanyeol အသက်ရှူတွေရပ်မတတ် ~ ! နှလုံးသားက လည်း ခပ်မြန်မြန်ခုန်ပေါက်လို့နေလေသည်။
“ ဟင့် ~ ကျတော် ....... ဦး ကို တကယ်ချစ်တာပါ။ အဲ့တာ ဦးနဲ့ လိုက်ခဲ့လို့ရမလားဟင်။ ကျတော့်ကို စိတ်မဆိုးပါနဲ့။ ကျတော် ဒီအိမ်မှာ မနေချင်တော့ဘူး။ ကျတော့်ကို တစ်နေရာရာဖြစ်ဖြစ် ခေါ်သွားပေးပါ ~ ဦးနဲ့ နေရင်...... လုံခြုံပြီး နွေးထွေးတယ် လို့ ခံစားရတာမို့ ~~ !! ဟင့် ...... ဦး နဲ့ပဲ နေပါရစေ!! ”
ဆက်ပြောလာတဲ့ ကောင်လေးရဲ့ စကားတွေကြောင့် Chanyeol ခေါင်းကို ဖွဖွလေး ပုတ်ပေးမိသည်။ အင်း......... ဒီကလေးက ကြာတော့လည်း ဒီလို မွန်းကြပ်ဖွယ် အခြေအနေကိုဘယ်သည်းခံနိုင်ပါတော့မလဲ... အားကိုရာရှိလေတော့ သူလည်း လွတ်မြောက်ချင်မှာပေါ့ !! ကလေးက Chanyeol အပေါ် ဒီလိုမျိုး အားကိုတယ်ဆိုတော့ Chanyeol အတိုင်းမသိ ၀မ်းသာမိလိုက်သည်။
“ Baekhyun!! ”
“ ဟင့် ~ ဦး..... တောင်းပန်ပါတယ်။ ကျတော် တောင်းပန်ပါတယ် ကျတော့်ကို စိတ်မဆိုးပါနဲ့နော် !! ကျတော် ဦး ရဲ့ ငွေတွေကို မက်လို့မဟုတ်ပါဘူး။ ကျတော့် အတွက် ~ နေရာတစ်နေရာပေးရင် ......... သေချာပေါက် အလုပ်ကြိုးစားပြီး ပြန်ဆပ်မှာပါ ~~ နောက်ပြီး ဦး နဲ့ ........ ဦးနဲ့ ...... နေရရင် ဖြစ်ဖြစ် ...........”
ငိုသံစွက်စွာ အသံတုန်တုန်ယင်ယင်ဖြင့် ပြောလာပြန်တဲ့ ကလေးကြောင့် Chanyeol ရင်ခွင်ထဲသာ ဆွဲသွင်းထားလိုက်မိသည်။
“ ဘာတွေ ပြောနေတာလဲ ကလေးရယ်။ ဦး အဲ့လိုမထင်ပါဘူး။ ကလေးက ဦးကို ပြန်ဆပ်စရာလည်း မလိုပါဘူးကွာ ဦး စိတ်လည်းမဆိုးဘူးနော် ”
“ ဟင် တကယ်လား? ဦး က ပြန်မပြောတော့ စိတ်ဆိုးသွားပြီထင်တာ ဟင့် ~ ”
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...