💛 15 💛

356 40 13
                                    

Part (15)

စက္ကန့်တံ တတောက်တောက်ရွေ့နေတဲ့ တိုင်ပေါ်က နာရီက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျယ်လောင်နေပေမယ့် ထိုအသံကို သတိမထားမိလောက်အောင်ထိ ရင်ထဲမှာ ဗလောင်ဆူနေသော လူတစ်ယောက်ရှိလေသည်။

လေပူတွေ မှုတ်ထုတ်ရင်း Chanyeol နာရီကို ကြည့်မိတော့ ၈နာရီခွဲ !!
ခုချိန်ထိ ကလေးငယ်ကို ရှာမတွေ့တာကြောင့် Chanyeol ဇောချွေးတွေပြန်လာရသည်။

မနက်ဖြန် မလုပ်ဖြစ်တော့မယ့် ရှယ်ယာရှင် အစည်းအဝေးအတွက် Chanyeol ဖြေရှင်းရမှာတွေ တောင်းပန်ရမှာတွေရှိနေသေးသော်ငြား တုန်ရီစွာ ပြေးထွက်သွားတဲ့ ကျောပြင်လေးကို‌သာ စိတ်ပူလွန်းစွာလိုက်ရှာနေမိသည်။

တစ်နေကုန်ပိနေတဲ့ အလုပ်တွေက စိတ်ပင်ပန်းလွန်းတာကြောင့် ကလေးငယ်ကို မအော်သင့်ဘဲ အော်လိုက်မိသည်။ အနားမှာရှိနေသေးရင် ကလေးငယ်ကို ဆက်ဆူမိမှာစိုးတာကြောင့် ဝေးဝေးမှာနေခိုင်းတဲ့ “ ထွက်သွား ” ဆိုတဲ့ အဓိပ္ပါယ်ကို ကလေးငယ် ဘယ်လိုကောက်ယူသည်မသိ။

အခုတော့ဖြင့် Chanyeol ကျောပေးထားသော ခဏမှာတင် လှစ်ခနဲ ပျောက်သွားသော ကလေးကို Chanyeol သိသိချင်း အမြန်လိုက်ပေမယ့် ကုမ္ပဏီတဝိုက်မှာလည်း မတွေ့ရသလို အိမ်ကို ဖုန်းဆက်တော့လည်း အိမ်ကို ရောက်မလာဟုဆိုသည်။

ဖုန်းထဲကနေ လှမ်းဆူနေတဲ့ မမ ကတော့ Chanyeol ကို အော်ရကောင်းလားဆိုပြီး ဒေါသတကြီး မာန်သည်။ Chanyeol ခေါင်းငုံ့ခံလို့သာ ကလေးငယ်ကို ဆက်ရှာဖို့အရေး တွေးရပြန်ပါသည်။

ပုံနေသော ထိုအလုပ်တွေကို ပစ်ချကာ Chanyeol ကိုယ်တိုင် ကားမောင်းထွက်ကာ လိုက်ရှာသေးသည်။ ကလေးငယ် က အိမ်ထဲက အိမ်ပြင်ထွက်နေကျ မဟုတ်လေတော့ ဘယ်နေရာမှလည်း ထွေထွေထူးထူးသွားစရာမရှိ။ အခုတော့ Chanyeol တပည့်တချို့ကို လွှတ်ပြီးရှာခိုင်းထားရင်း Chanyeol အိမ်ကို ထပ်ဖုန်းဆက်ကြည့်သေးသည်။

အခြေအနေ တွေက မထူးခြားသွား.....!!!

“ ဟာကွာ.....!! အင့်.....အင့်..... ဒီပါးစပ်..!! ဒီပါးစပ်က .....! တောက် .! အဲ့အလုပ်တွေ ပျက်စီးသွားလည်း ဘာဖြစ်လဲ.??? ဘာလို့ ကလေးကိုမှ အော်လိုက်ရတာလဲကွာ.....ကျစ် ** ”

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now