💛 6 💛

562 59 12
                                    

Part (6)

“ ဟို....... ဒယ်.....ဒယ်ဒီ ~ ....... ဒယ်ဒီ ကလေးလေး လုပ်လို့~ ရမလား....?”

“ ဖူးးးး....... အဟွတ် !! ....... အဟွတ် !! ”

Baekhyun မဝံ့မရဲလေး ပြောလိုက်ပြီးတဲ့ နောက်မှာတော့ ဦးက ဟင်းချိုထသီးတာကြောင့် Baekhyun ဘေးနားက တစ်ရှူးဘူးထဲက တစ်ရှူးတစ်ရွက်ထုတ်ကာ ‌ကမ်းပေးလိုက်ရင်း..........

“ အ....... အဆင်ပြေရဲ့လား....... ဟင်? ”

“ အဟွတ်! ကလေး........ဘယ်......ဘယ်လိုခေါ်လိုက်တာ ~ !! ”

“ ‌ဒယ်......ဒယ်ဒီ လို့လေ!! မကြိုက်ဘူး.......လားဟင်? ဒယ်ဒီလို့........ခေါ်ရင် ဦးက ပျော်.....ပျော်သွားမှာဆို ~  ”

“ မကြိုက်တာ ရယ်လို့ မဟုတ်ပါဘူး! နေပါဦး......... ဒယ်ဒီလို့ခေါ်ရင် ဦးကကြိုက်တယ်လို့ ဘယ်သူပြောတာလဲ ”

Baekhyun ရှေ့တည့်တည့်က ထိုင်နေတဲ့ Sehun shii ကို လက်ညိုးထိုးပြလိုက်ပြီး.............

“ သူ........”

“ ဟော........”

“ အဟမ်း!! ကျတော်က ဟင်းတွေထည့်ပြီး အပေါ်မှာ သွားစားတော့မယ် စာလုပ်စရာရှိသေးလို့!! ဦးလေး..........”

သူ့ကို လက်ညိုးထိုးပြခါမှ ထမင်းပန်းကန်ထဲ ဟင်းတွေ ကုန်းထည့်ကာ အပေါ်ထပ်သို့ ပြေးတတ်သွားတဲ့ Sehun ကြောင့် Baekhyun ဆွံ့အ နေမိသည်။ ပြောတော့ ရှက်မနေနဲ့ ပြောချလိုက် သူရှိတယ် ဆိုပြီး ခုတော့ဖြင့် ဦးကို မျက်စိတစ်ဖတ်မှိတ်ပြပြီး အပေါ်ကို ပြေးတတ်သွားတာမှ ဖင်ကို ကောက်နေရော !!
( အဲ့တာက တို့ကောင်လေးရဲ့ နဂိုကောက်ပါ Baekhyun လေးရယ်🤭)

နောက်ဆုံးတော့လည်း မျက်နှာတွေ ထူပူနေတဲ့ Baekhyun သာ ဦး နား ယောင်လည်လည်နဲ့ ကျန်ခဲ့မိပြန်ပြီ!!

“ ဟာ......ဒီကောင်!! ”
“ ကလေး........”

“ ‌ဗျာ! ”

“ အဲ့ကောင် ကလေးကို ဘာပေါက်တက်ကရတွေ ပြောလိုက်တာလဲ ”

“ အဲ...... အဲ့တာက.....! ”

ဦး ကမေးလာတာကြောင့်လည်း Baekhyun စောနက Sehun shii ပြောသည်များကို ဦးကို အကုန်ပြန်ပြောပြလိုက်သည်။

** Flash Back **

“ Baekhyun ah လာခဲ့ ငါပြောပြမယ် ”

Sehun shii က သူ့နားကို လက်ယက်ခေါ်တာကြောင့် ဦး အောက်ဆင်းသွားတာကို ငေးကြည့်နေရင်းကပင် Sehun shii ဖတ်သို့ Baekhyun ပြန်လှည့်လိုက်သည်။

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedHikayelerin yaşadığı yer. Şimdi keşfedin