💛 17 💛

309 41 2
                                    

Part (17)

“ ဒယ်ဒီ .... ~ ဒယ်ဒီ ~ ”

“ အွန်းးး..........”

Chanyeol အိပ်နေရင်းနဲ့ ခပ်တိုးတိုးအသံလေးကို မသဲမကွဲကြားလိုက်ရပေမယ့် အသိစိတ်မကပ်သေးတာကြောင့် တစ်ဖတ်လှည့်ကာ အိပ်လိုက်သည်။

“ ဒယ်ဒီ ....... ဒယ်ဒီရေ ~ ”

ဒီတစ်ခါတော့ Chanyeol လက်မောင်းတွေ ဖွဖွလေး လှုပ်ခံလိုက်ရတာကြောင့် ကလေးငယ်ရဲ့ အသံကို တိုးညှင်းစွာ ကြားမိပြန်သည်။ သို့သော် အိပ်ချင်စိတ်က ကြီးစိုးနေသည်မို့ Chanyeol မျက်လုံးမဖွင့်ဘဲသာ ထူးလိုက်သည်။

“ အွန်း ကလေးလေး ~ ..... ”

“ ဒယ်ဒီရေ........ ခဏလောက်ထပါဦးဗျာ ~ !! ဒယ်ဒီ !! ”

Chanyeol နားသယ်စပ်နားလေးက နွေးခနဲဖြစ်သွားတာကြောင့် ဆက်ခနဲထထိုင်မိလိုက်သည်။

“ ဟင်? ကလေးလေး ဘာဖြစ်တာလဲ? ”

“ ဟို~ ဒယ်ဒီ ........ !! ”

Chanyeol ကို နှိုးတုန်းက နှိုးပြီး စကားပြောရန် တွန့်ဆုတ်နေပြန်သည်ကြောင့် တိုင်က နာရီကို အိပ်မှုန်စုတ်ဖွားဖြင့်ပင် ကြည့်မိပြန်တော့ မနက်တစ်နာရီ ခွဲ !! ဘုရားရေ..........

“ ဒီချိန်ကြီး ဘာဖြစ်လို့လဲ ကလေးလေး..!! တစ်ခုခုဖြစ်တာ........... ဝါးးးး ~ လား ”

Chanyeol အိပ်ချင်မူးတူးဖြင့် သန်းဝေရင်း မေးကြည့်မိတော့ မူပိုင် မျက်၀န်းကျဉ်းကျဉ်းလေးတွေ မှေးမှိန်သည်အထိ သွားလေးစိရင်း‌ပြုံးပြလာလေသည်။ ညအိပ်မီး ဝါကျင့်ကျင့် မီးရောင်အောက်မှာတောင် ကလေးငယ်ရဲ့ ချစ်ဖို့ကောင်းမှုတွေက အတိုင်းသားမို့ Chanyeol တစ်ရေးနိုးတောင် ဒီကလေးငယ်ကို မြတ်နိုးရပါသည်။

“ ဟို ဒယ်ဒီရယ် !! ဒယ်ဒီ့ ကလေးလေး ဗိုက်ဆာနေရှာတယ်  ~ လို့ အဲ့တာ! ”

“ ဟမ်? ”

ပြုံးစိစိ ပြောလာတဲ့ ကလေးငယ်က Chanyeol ကို မှီတွယ်ရင်း..........
ပြောလာတဲ့ ပုံစံက တစ်မူထူးခြားနေတာမို့ Chanyeol တောင် ကြောင်အအ ဖြစ်ချင် ..!!

“ ဘာရယ်? ”

သေချာစွာပြန်မေးမိတော့.............

“ ဟော....... ဒယ်ဒီ့ကလေးလေး ဗိုက်ဆာနေရှာပါတယ်ဆို !! ”

စိတ်မရှည်ဟန် ပြန်ပြောလာတဲ့ ကလေးငယ်က နှုတ်ခမ်းလေးစုချွန်လာသည်မို့ Chanyeol ပြုံးမိတော့သည်။ အိပ်နေတာကိုတောင် နှိုးပြီး ချစ်ဖို့ကောင်းအောင် မြူစွယ်နေသည်ပဲ ........

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now