💛 28 💛 FINAL 💛

346 27 7
                                    

Part (28) FINAL

ကြယ်ရောင်စုံနဲ့အတူ ရောင်ဝါတွေထွန်းလင်းပေးနေတဲ့ လရောင်အောက် ပင်လယ်သံကလွဲ အရာရာက ပုံမှန်အတိုင်းတိတ်ဆိတ်နေလေတဲ့ ညလယ်ပိုင်းအချိန်လောက်မှာ Chanyeol ကတော့ သစ်ပင်တွေကြား ပုန်းလျှိုးဝှက်လျှိုး...........

မီးပိတ်ထားတဲ့ အခန်းဆောင်လေးတစ်ခုကိုလှမ်းကြည့်ရင်း အရိပ်သေးသေးလေးတစ်ခုကိုတော့ မျှော်မိနေတာပင် !!

အချိန်တော်တော်ကြာသည်အထိ ဘာအရိပ်အယောင်မှ မတွေ့ရတဲ့အပြင် သစ်ပင်ကြားမှာမို့ ဟိုနားက ယား၊ ဒီနားက ယား ဖြစ်နေတာကြောင့် တောက်ခတ်ပြီးသာ ကျိန်ဆဲလိုက်မိသည်။

“ မအေဘေး Oh Sehun! ၀ဋ်လည်ပါစေကွာ! တောက်ခ် ”

ထိုအခါ ခပ်တိုးတိုးကြားလိုက်ရတဲ့ တံခါးဖွင့်သံလေးကြောင့် ထိုအခန်းဆောင်ကို အကြည့်ပို့မိတော့ မျှော်နေတဲ့ အရိပ်သေးသေးလေးဟာလည်း ဟိုကြည့်ဒီကြည့်နှင့် ခိုးကြောင်ခိုးဝှက် ထွက်လာလေသည်။

Chanyeol ခါးကိုမတ်လိုက်ပြီး သစ်ပင်အကွယ်ကထွက်ကာ လက်ပြလိုက်တော့ သွားဖွေးဖွေးလေးတွေ ပေါ်သည်အထိ ပြုံးပြလာရင်း အနားသို့‌အပြေးလေးရောက်လာသည်။

တကယ်တော့...... Oh Sehun လက်ချက်မိထားတဲ့ Chanyeol တို့နှစ်‌ေယာက်ဟာ မင်္ဂလာဆောင်ခါနီးမှ ခိုးတွေ့နေရခြင်းပဲ ဖြစ်သည်။ မင်္ဂလာဦးမောင်နှံတွေဟာ မင်္ဂလာမဆောင်ခင် သုံးရက်အလိုမှာ မတွေ့ရတော့ဘူးဆိုတဲ့ ဘယ်ဂျောင်ကကြားလာမှန်းမသိတဲ့ အယူအဆတွေနဲ့အတူ မင်္ဂလာဆောင်ခါနီး Chanyeol နဲ့ Baekhyun ကို လူသိထင်ရှားခွဲထားကြခြင်းဖြစ်သည်။ ထိုအရာကို Chanyeol အမကိုယ်တိုင်က သဘောတူထားတာမလို့ Chanyeol လည်း ငြင်းဆန်လို့မရ‌နိုင်တော့။

ကလေးငယ်အတွက် အကောင်းဆုံးသော မင်္ဂလာပွဲကို ဖန်တီးပေးရန်အတွက် ဟာဝိုင်အီကျွန်းမှာ ကျင်းပရန်စီစဉ်ခဲ့ပြီး မင်္ဂလာပွဲ မစခင် သုံးရက်အလိုကတည်းက အားလုံးက ရောက်နေကြတာပေမယ့် Chanyeol တို့ကတော့ တောင်နဲ့မြောက်ဝေးလှတဲ့ ဟိုတယ်အခန်းဆောင် နှစ်ခုမှာ ယခုကဲ့သို့ချစ်ခြင်းကို ခွဲခံနေရခြင်းဖြစ်သည်။

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now