Part (9)
တိတ်ဆိတ်နေတဲ့ ရပ်၀န်းတစ်နေရာက နောက်ဆုံးပေါ် Lamborghini ကားသစ်ကြီး တစ်စီးပေါ်တွင်ဖြစ်၏။
ကားမောင်းနေသူ Jong In ကတော့ Lover seat ပေါ်ထိုင်နေတဲ့ ကောင်လေးကို ခဏခဏ လှည့်ကြည့်ဖြစ်ပေမယ့် ............
Kyung Soo ကတော့ နှုတ်ခမ်းတွေကို ဖိကိုက်ရင်း ခေါင်းငုံ့လို့သာနေသည်။
Jong In အတွေးထဲ ဖွင့်ပြောလိုက်သင့်သလားဆိုတဲ့ ဒွိဟ တစ်မျိုးစိုးမိုးနေသလို Kyung Soo ရင်ထဲမှာလည်း Baekhyun ပြောလိုက်တဲ့ စကားတွေ အထပ်ထပ်စဉ်းစားရင်း ဗလောင်ဆူနေရသည်။
ထိုအတွေးတွေကိုတော့ တစ်ယောက်နဲ့ တစ်ယောက်မဖလှယ်မိကြ။ ဤသည်ကပဲ ပကတိ တိတ်ဆိတ်ခြင်းကို ဖြစ်ပေါ်စေ၏။
သို့နှင့်ပဲ....... ကတ္တရာ လမ်းဖြူးပေါ်မှ ချိုး၀င်လိုက်တဲ့ လမ်းကျဉ်းတစ်နေရာသို့ ရောက်လာလေသည်။
“ ကျ...... ကျတော့်ကို ဒီမှာ ချခဲ့ရင် ရပါပြီ။ အိမ်ကိုက လမ်းလျှောက်လိုက်ပါမယ်။ ကျေးဇူးတင်ပါတယ် ဦး!! ”
ဒီလမ်းထိပ်နားလေးရောက်တိုင်း Kyung Soo ပြောနေကျစကားလေးကို ကြားလေတော့ Jong In သက်ပြင်းတစ်ချက်ချကာ ကားကို လမ်းဘေးကပ်ရပ်လိုက်သည်။
ပတ်၀န်းကျင်ကလူတွေကို မမြင်စေချင်တာမို့ ဒီမှာသာ ဆင်းတာဖြစ်ကြောင်း Jong In နားလည်လိုက်သည်။
ကားပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့ ထိုကောင်လေးကို Jong In ရဲတင်းစွာပင် လက်လေး လှမ်းကိုင်လိုက်သည်။ မရတော့......... Jong In ထပ်ပြီး မစောင့်နိုင်တော့ ....... ဒီကောင်လေးကို အရင်ကတည်းက တတ်တခိုး ချစ်လာတာ ဘယ်လောက်တောင်ကြာပြီလဲ? ခုလို တရား၀င် တွေ့ဆုံခွင့်ရပြန်တော့လည်း Jong In တစ်နေ့ထက်တစ်နေ့ ဘယ်လောက်တောင် အချစ်ပိုရလဲ? သူ့ကို သိပ်ချစ်လွန်း၊ အခြေအနေကို မကြည့်ရက်လွန်းလို့ အလုပ်မအားတဲ့ ကြားက ရတဲ့ အချိန်လေး သူ့နားနေရေပမယ့် ခုတော့ အဲ့လိုနေရရုံနဲ့ ထပ်ပြီးမကျေနပ်နိုင်တော့!!!
ဒီကောင်လေးကို အနားမှာခေါ်ထားရင်း မေတ္တာတွေနှင့် တစိမ့်စိမ့် နွေးထွေးစေချင်သည်။ ထိုသို့ရည်ရွယ်၍ ထွက်သွားခါနီးကောင်လေးကို လက်ကနေ ဆုပ်ကိုင်ထားမိလိုက်သည်။
BẠN ĐANG ĐỌC
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...