💛12💛

379 44 2
                                    

Part (12)

မနက်ခင်းရဲ့ အလင်းရောင်မှိန်ပြပြက အခန်းပြတင်းမှတဆင့် Baekhyun မျက်နှာပေါ်သို့ ခပ်ဖွဖွလေး ကျရောက်သည်။ မျက်လုံးလေး ဖွင့်ကာ မျက်နှာချင်းဆိုင်က တိုင်ကပ်နာရီကို ကြည့်မိတော့ ၆နာရီခွဲ.........

ထို့ကြောင့် Baekhyun ထထိုင်လိုက်သည်။ ဒီနေ့ဟာ အားလပ်ရက်........ တစ်နည်းအားဖြင့် Chu Seok Day...!!

အားလပ်ရက်ဖြစ်တာကြောင့်မလို ဒီနေ့အိမ်မှာ ဒယ်ဒီအပါအ၀င်မိသားစုတွေ အကုန်စုံကြမည်။ အရသာရှိတာတွေချက်စားရင်း အားလပ်ရက်ကို ကုန်ဆုံးရမည်မို့ Baekhyun တတ်ကြွစွာ အိပ်ယာမှ ထရန် ပြုလိုက်သည်။

အန်တီ့ကို မီးဖိုချောင်ထဲမှာ သွားကူညီရန်လိုအပ်ပါသည်။ ဘာလို့ဆို အိမ်က အလုပ်သမားတွေအကုန် အားလပ်ရက်ဆို အိမ်ပြန်ကြတာမို့ပင်။

Baekhyun ဒယ်ဒီ့ကို လှည့်ကြည့်မိတော့ ‌မျက်၀န်းတွေ တင်းတင်းစေ့ကာ အိပ်ပျော်နေတုန်း!

Baekhyun ထသွားဖို့ အလုပ် အနောက်ကနေ လက်ကို လှမ်းဆွဲလိုက်သည်ကို ခံစားမိသည်။

“ ဟင်..... ဒယ်ဒီ !! ”

“ ကလေး~ ..... ပြန်အိပ်ဦး!! ”

အိပ်ချင်မူးတူးအသံဖြင့် Baekhyun ကို အတင်းဆွဲရင်း ပြောလာတဲ့ ဒယ်ဒီကြောင့် Baekhyun ပြုံးလိုက်ရင်း.......

“ ကျတော် လုပ်စရာတွေရှိသေးလို့ ထရမယ် ဒယ်ဒီရဲ့ !! ”

Chanyeol သိတာပေါ့ နိုးတာနဲ့ စောစောစီးစီး အိမ်အလုပ်တွေ ထလုပ်တော့မယ်ဆိုတာ။ ဒါကြောင့်မို့ ကလေးငယ်ကို ဆွဲထားလိုက်ခြင်းဖြစ်သည်။ ဝေလီ ဝေလင်း အချိန်လေးမှာ ကလေးငယ်နဲ့အတူ လှပတဲ့ အမှတ်တရတွေ ဖန်တီးချင်ပေမယ့် ဒီကလေးကတော့ စောစောထပြီး အလုပ်သာ လုပ်ချင်နေသညိ။

ဒီလိုအချိန်တိုင်း Chanyeol တစ်ယောက်ထဲ အိပ်ယာထဲ လှိမ့်ရင်း ကုန်ဆုံးရတာ ဘယ်လောက်ကြာပြီလဲ? ဒါကြောင့်မို့ ဒီနေ့လို ထူးခြားတဲ့ ရက်လေးမှာတော့ ကလေးငယ်နဲ့ အတူ အိပ်ယာထဲ ရှိချင်သေးသည်။

“ ဒီနေ့ Chu Seok အားလပ်ရက်လေ...... အနားယူရအောင် ဒီကိုလာ......!! ”

“ ဟင်? ”

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now