Part (11)
“ ဟုတ်ကဲ့ပါ။ ကျတော် နဲ့ ခု ဖျော်ဖြေမယ့်သူကတော့ အားလုံးလည်း စောင့်မျှော်နေကြတဲ့ Baekhyuniee ပဲ ဖြစ်ပါတယ် ခင်ဗျ !!! ”
“ ယေးးးးးးး ”
“ ဝှီး...... ဖြောင်းဖြောင်းဖြောင်း!! ”
“ အာ ~ Baekhyuniee လေးလား.???? ”
“ အားးးး Baekhyuniee အသံလေး လွမ်းနေတာ ဝူးးးးး ”
Kyung Soo စင်ပေါ်ကနေ ကြေငြာလိုက်တဲ့ အသံအဆုံးမှာတော့ ဆိုင်လေးထဲ ပွက်ပွက်ညံအောင် အားပေးသံတွေ ထွက်ပေါ်လာသည်။
လာနေကျ ဖောက်သည်တွေက Baekhyun ကို မေးကြတယ် ဆိုတာ အမှန်ထင်ရဲ့ !!
ထို အားပေးသံတွေသာမက Baekhyun ကိုပါ ဘယ်၍ ဘယ်နှယ် သဘောကျ ကြကြောင်းပြောနေကြတဲ့ တချို့စကားသံတွေကြောင့် Chanyeol မျက်မှောင်ကျုံ့မိလိုက်သည်။
ဘေးနားကခုံကို အကြည့်ပို့မိလေတော့ ဂျင်းအင်္ကျီ ၀မ်းဆက်ကို ပေါ့ပေါ့ပါးပါးလေး ၀တ်ထားတဲ့ ကောင်လေးက သွက်လက်စွာပင် ဆံပင်ဝါဝါတွေကို ယမ်းခါ၍ စင်ပေါ်ပြေးတတ်သွားသည်မှာ Chanyeol ကို လှည့်ကြည့်ဖို့တောင်သတိမရ !!
“ အာ ~ အားလုံးပဲ မင်္ဂလာပါ!! ကျတော် ပျောက်သွားခဲ့တယ် မလား ”
မိုက်ကနေ တဆင့် ထွက်လာတဲ့ စင်ပေါ်က တောက်ပနေတဲ့ ကောင်လေး ရဲ့အသံကြောင့် အောက်က ယောက်ျား မိန်းမ မကျန် အော်သံတွေ ထွက်ပေါ်လာရသည်။
ကျစ်* အဲ့လောက်မှ မလိုတာ !!
“ ဟီး ဟုတ်ပါပြီ။ ကျတော့်ကို အားပေးကြတဲ့ ဒီက လူနည်းစုလေးကို လေးစားတာမလို့ကို ကျတော်က ပြန်ရောက်လာပါပြီနော်။ ခု Kyung Soo နဲ့တူတူ What is Love လေးကို ဖျော်ဖြေချင်ပါတယ် ဗျ။ နားဆင်ပေးပါဦး !! ”
“ ဝေးးးးး အသံချိုလေးကို မျှော်နေတာ!! ”
“ နှစ်ယောက်လုံးကြိုက်တယ် .....! ”
“ Baekhyuniee......... Baekhyuniee.....!! ”
ဘေးနားက ဝိုင်းက အသံကျယ်ကျယ်နဲ့ ထအော် လိုက်တဲ့ အသံကြောင့် Chanyeol မျက်လုံးစိမ်းကြီးများနှင့် ထိုလူကို ကြည့်မိသည်။ ဘယ်လိုဖြစ်လို့ ကိုယ့်ကလေးငယ်ကိုမှ Baekhyuniee လို့ ခေါ်နေရတာပါလဲ....???
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...