💛 25 💛

302 36 13
                                    

Part (25)

နူးညံ့တဲ့ မွေ့ယာအိအိထက် စောင်ပုံထဲ အတင်းတိုး၀င်နေသော ကောင်ငယ်လေးတစ်ယောက် !!
အေးစိမ့်စိမ့်ဖြစ်လာသော ရာသီဥတု အရ မနက်ခင်း ဆို အချမ်းပိုတတ်သည်ကြောင့် စောစောထတတ်သော ထိုကောင်လေးသည်ပင်လျှင် စောင်ပုံထဲ ကွေးရသည်ကို ပို၍ နှစ်သက်နေဟန်တူသည်။

လက်လေးတစ်ဖတ်က ဟိုဟိုဒီဒီ စမ်းကြည့်နေသည်မှာတော့ ဘေးနားက တစ်ယောက်ယောက်ရဲ့ နွေးထွေးရာရပ်၀န်းထံ တိုး၀င်ချင်နေပုံရသည်။

သို့သော် အေးစက်နေတဲ့ အိပ်ယာပြင်ပေါ်မှာ နေရာလွတ် တစ်ခုအပြင် ဘာမှမတွေ့မိတာကြောင့် အိပ်ချင်မူးတူးဖြင့်သာ ထလာတော့သည်။

အိပ်ယာနိုးတဲ့ အချိန်မှာတော့ ချစ်သူရင်ခွင်ထဲ မှေးစက်ချင်သေးတာ လူ့သဘာ၀ပဲမလား? ခုတော့ ဖြင့် မနက်ခင်းမှာတောင် မျက်နှာ မတွေ့ရတော့သည်အထိ !!

Baekhyun ဆူပုတ်ကာ ကုတင်ဘေးက ခုံပုလေးကို ကြည့်မိတော့ November လ ၁၁ ရက်နေ့ကို အသည်းပုံလေးနဲ့ ဝိုင်းထားသော ပြက္ခဒိန် !!

Baekhyun သွားချင်တဲ့နေရာကို ညနေကျ သေချာပေါက် လိုက်ပို့ပေးမယ်လို့ ပြောတာဟာ Anni day မှာတောင် မနက်ပိုင်း Baekhyun အနား မရှိပေးနိုင်လို့ပေါ့ လေ !!

ယုံကြည်ပေးဖို့ တောင်းဆိုထားသော်ငြား  ကိုယ်ရဲ့စိတ်ကိုက မတင်မကျ ဖြစ်နေမိတာ ခတ်သားလား။ သို့သော်လည်း..............

ဒီလို မျိုး ဖြတ်သန်းရတာ ဒီလအတွင်းအခေါက်ရေပေါင်းမနည်းတော့တာကြောင့် ထူးပြီးလည်း ခံစားမနေချင်တော့ ! ညနေကျမှပဲ Baekhyun စီစဉ် ထားတဲ့ အတိုင်းဖန်တီးဖို့သာ အားခဲလိုက်တော့သည်။

ပတ်၀န်းကျင်ရဲ့ လေထုက သာယာကောင်းသာယာသော်ငြား အသက်မပါတဲ့ ခြေလှမ်းတွေကို ဖော်ဆောင်သူကတော့ လှေကားထပ်မှ ဖြေးဖြေးချင်းဆင်းလာလိုက်သည်။

ပန်ကိတ်နံ့မွှေးမွှေးက မီးဖိုချောင်မှတဆင့် လေထုရဲ့သယ်ဆောင်ခြင်းကိုခံယူလို့ Baekhyun နှာဖျား၀သို့ ရိုက်ခတ်လေတော့ Baekhyun မျက်လုံးလေးပြူးသွားသည်။

ဒီလို စတော်ဘယ်ရီ အနံ့တထောင်းထောင်းနဲ့ ပန်ကိတ်ဟာ ဒီအိမ်မှာ Baekhyun ရဲ့ ဒယ်ဒီကလွဲ ဘယ်သူက လုပ်တတ်မှာ မို့လို့လဲ?

𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) CompletedWhere stories live. Discover now