Part (22)
**ကျွီ**
အခန်းတံခါး ဖွင့်သံကြားတာနဲ့ မှန်ပြတင်းပေါက်နားက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Baekhyun က ၀င်လာသူဆီပြေးဖတ်မိသည်။
“ အင့် ~ ဒယ်ဒီ !! ”
“ ဟင်? ကလေးလေး”
Chanyeol လည်း သူ့ဆီ တက်ခွလာတဲ့ ကလေးငယ်ကြောင့် လက်တွင်ချိတ်ထားသော ကုတ်အင်္ကျီကို လွှတ်ချလိုက်ပြီး တင်ပါးလေးကနေသာ ပင့်ချီလိုက်သည်။
“ ဒယ်ဒီပြောတော့ နေ့လည်စာပြီးတာနဲ့ ပြန်လာမယ်ဆို ။ ခုဘယ်နှနာရီတောင်ရှိပြီလဲ ”
“ ၃နာရီ ”
“ ဖြစ်သင့်သလားပြော ”
လူပေါ်မှာ တက်ခွထားရင်းကို မျက်နှာချင်းဆိုင် ကြည့်ပြီး ဆူပုတ်ပုတ် ပြောလာတာကြောင့် Chanyeol ခေါင်းလေးခါ၍ ပြုံးမိသည်။
“ ကလေးကလည်းကွာ အလုပ်ကိစ္စဆိုတော့ စကားကောင်းနေလို့ပါ ”
“ မေးတာပဲ ဖြေလေ ဖြစ်သင့်သလားလို့ ”
ခုနေ လူကြီးကို ပြန်ဆူနေတဲ့ ကလေးငယ်က
တစိတ်........
ဒါတအားချစ်ဖို့ကောင်းနေတာ မဟုတ်ဘူးလား?“ မဖြစ်သင့်ပါဘူးဗျာ ”
“ အပြစ်ကို ၀န်ခံတယ်ပေါ့ ”
“ ၀န်ခံပါတယ်ခင်ဗျာ ”
“ အဲ့ဆို ၀န်ခံတဲ့အနေနဲ့ Takoyaki တစ်ပွဲကျွေးပါ။ ”
“ ဟမ်? ဒီကလေး.......!! ”
Chanyeol ပြောတော့ ကိုယ်ပေါ်ကနေ ပြေးဆင်းသွားပြီး ကုတင်ခြေရင်းမှာ ကျုံ့ကျုံ့လေးသွားထိုင်နေလေသည်
“ ဟီး အဲ့တာ မနေ့က စားကတည်းက ကြိုက်နေတာ။ မပြန်ခင်လေး ၀ယ်ကျွေးပါလို့ ”
ဉာဏ်နီဉာဏ်နက်များတဲ့ ဒီကလေးငယ်ကို Chanyeol လွှတ်မပေးလိုက်သင့်ဘူးမလား? ထိုင်နေတဲ့ ဘေးတစ်ဖတ်တစ်ချက်ကို လက်ထောက်လိုက်ကာ မျက်နှာနုနု နဲ့ နီးကပ်စေလိုက်ပြီး.......
“ မုန့်စားချင်တိုင်း ဉာဏ်များတယ်ပေါ့လေ ”
“ ဟဲဟဲ ”
သွားလေးစိရင်း ရယ်ပြလာတဲ့ ကောင်လေးကို ကုတင်ပေါ်တွန်းလှဲလိုက်ရင်း Chanyeol အပေါ်ကအုပ်မိုးလိုက်သည်။
YOU ARE READING
𝘋 𝘧𝘰𝘳 .......... 𝘋𝘢𝘥𝘥𝘺!! ( U + Z ) Completed
FanfictionPark Chanyeol က သူ့ဘေဘီကို သိပ်ချစ်ပြမယ့်အကြောင်းတွေ ကို ပုံဖော်ထားခြင်းသာ............. 💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛 Warning: ပေါ့ပေါ့ပါးပါး အချိုလေးတွေသာ ကြိုက်မှ ဖတ်ပါရန် !! ✌️ #OohYoonHan Main OTP - ChanBaek Side OTP - KaiSoo ( ဤ fiction သည...