Part-3

282 20 0
                                    

"နှိုင်း ငါတို့ ဒီနေ့စာကြည့်တိုက်သွားမို့ လိုက်ဦးမလား"
"လိုက်မယ်လေ လိုက်မှာပေါ့"
"နောက်နာရီဝက်နေရင် သွားကြမယ်နော်"
"အိုကီ ဒိုကီ"

အချိန်အနည်းငယ်ကြာပြီး-

နှိုင်းတို့ သူငယ်ချင်းတွေ စာကြည့်တိုက်သို့ ရောက်သွားသည်။ နှိုင်းတို့ အုပ်စုကလွဲလို့ ကျန်တဲ့ သူတွေကတော့ စာအုပ်ကိုယ်စီဖြင့် စာဖတ်နေကြတာဖြစ်သည်။ နှိုင်းမှာတော့  ထိုထီးပိုင်ရှင်အမျိုးသမီးအား လှည့်ပတ်ရှာနေမိသည်။ သို့သော်လည်း ကံတရားက နှိုင်းဘက်တွင် မရှိပါ။ ထိုအမျိုးသမီးနှင့် တူတဲ့ အရိပ်အယောင်တောင် နှိုင်းရှာမတွေ့ခဲ့ပါ။ နှိုင်းလဲ စိတ်ညစ်ညစ်နဲ့ စာအုပ်တအုပ်ယူပြီး အခန်းထောင့်မှာ ထိုင်ဖတ်နေ
လိုက်သည်။ စာထဲတွင် စိတ်မရှိပဲ ထိုအမျိုးသမီးကိုသာ စိတ်ရောက်နေတာကြောင့်မနေနိုင်တဲ့အဆုံး စာကြည့်တိုက်မှူးကို သွားမေးရန် ဆုံးဖြတ်လိုက်သည်။

"အန်တီ"
"ပြောပါ သမီး"
"ဟိုလေ တမျိုးတော့ မထင်ပါနဲ့၊ တခုမေးလို့ရလား အန်တီ"
"အင်း မေးလေ သမီး"
"ဒီကိုလေ အရပ်အနေတော် အသားညိုညို၊ မြန်မာရင်ဖုံး
ဝမ်းဆက်နဲ့ အမျိုးသမီးလာတာ မြင်ဖူးလားဟင်"
"လူတွေများတော့ အန်တီလဲ အဲ့လိုတော့ မမှတ်မိဘူး သမီး"
"အရေးကြီးလို့လား"
"အရမ်းတော့အရေးမကြီးပါဘူး၊ သူ့ထီးလေးပေးချင်လို့ပါ"
"အန်တီ့ကို ပေးထားခဲ့မလား သမီး"
"ဟုတ် ရပါတယ်၊ သမီးကိုယ်တိုင်ပေးချင်တာမို့ပါ"
"အော် အေးပါ"
"ဟုတ် ကျေးဇူးပါ အန်တီ"

ဆက်ပြောနေရင် နှိုင်းလဲ တမျိုးထင်ခံရမှာ စိုးတာကြောင့် စကားစဖြတ်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး စာဆက်
ဖတ်နေလိုက်တော့သည်။

နာရီအနည်းငယ်ကြာတော့ သူငယ်ချင်းတွေလဲ စာဖတ်လို့ ပြီးပြီမို့ နှိုင်းတို့ အသီးသီးပြန်ကြလေသည်။ ဟိုးတနေ့ကလိုမျိုး နှိုင်းတယောက်တည်းကျန်ခဲ့ချိန်တွင် ထိုအမျိုးသမီးနဲ့ ဆုံးရဦးမလားလို့ တွေးမိသေးသည်။ သို့သော် နှိုင်းတွေးထားသလို
ဖြစ်မလာခဲ့ပါ။ မိုးကလဲ မရွာနေခဲ့သလို ထိုအမျိုးသမီးရဲ့
အရိပ်အယောင်လဲ မတွေ့ခဲ့ရပါ။ ခဏကြာတော့ ဖယ်ရီကားလဲ ရောက်လာပြီမို့ နှိုင်းလဲ အိမ်သို့ ပြန်သွားတော့သည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now