Part-10

165 10 0
                                    

နှိုင်းတွေဝေနေသည်ကို တီချယ်သိပုံရသည်။

"အာ ဆောရီး မင်းရဲ့ကိုယ်ရေးကိုယ်တာကို မေးသလို
ဖြစ်သွားတယ် မဖြေနဲ့တော့နော်"
"မဟုတ်ပါဘူး နှိုင်းပြောပြလို့ရပါတယ် တီချယ်ရဲ့"
"ရတယ် မပြောပြနဲ့တော့ တို့ မသိချင်တော့ဘူး"

တီချယ့်ရဲ့ စကားမှာ အမိန့်ပေးအသံအနည်းငယ်ပါဝင်နေတာမို့ နှိုင်းအထွန့်တက်နေခြင်းမရှိတော့ပါ။

"တို့ အိပ်တော့မယ်" လို့ တီချယ်ကပြောပြီး နှိုင်းဘေးတွင် လဲလျောင်းကာ နံရံကို မျက်နှာမူထားသည်။ နှိုင်းလဲ ဘာမှပြန်မပြောတော့ပဲ တီချယ့်ဘေးတွင် လဲလျောင်းနေ
လိုက်တော့သည်။ နှိုင်းနဲ့တီချယ့်ကြားမှာ တိတ်ဆိတ်တဲ့ လေထုအပြင် တခြားဘာမှမရှိတော့ပေ။ ဒီလိုအဖြေအနေမျိုးသည် တီချယ့်အတွက်တော့ မသိပေမယ့် နှိုင်းအတွက်တော့ တကယ်နေရခက်သည်။ ထို့ကြောင့်နှိုင်းလဲ

"တီချယ်"
တီချယ့်မှ ဖြေသံမကြားရတာမို့

"တီချယ် အိပ်မပျော်သေးတာ နှိုင်း သိတယ်၊ စိတ်ဆိုးသွားတာလားဟင်"
"စိတ်ဆိုးစိတိကောက်တာတွေ တို့ မလုပ်တတ်ဘူး"
"စိတ်ထဲခုသွားတာ နှိုင်းသိပါတယ်၊ နှိုင်းက မဖြေချင်လို့ မဟုတ်ပါဘူး၊ ဒီတိုင်း တခြားကို တွေးမိသွားလို့ပါ"
"အင်း တို့ ပြောပြီးပြီပဲ၊ မင်း ဖြေစရာမလိုတော့ဘူးလို့"
"တီချယ်ရယ် အဲ့လိုတော့..."
"အိပ်တော့ နှိုင်းငယ်"

နောက်တကြိမ်ထပ်ကြားရသော တီချယ့်ရဲ့ အမိန့်ကြောင့် နှိုင်း လဲ

"တောင်းပန်ပါတယ် တီချယ်" လို့ ပြောပြီး တီချယ့်ကျောပြင်နဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး အိပ်တော့သည်။

"အိပ်မည်လို့သာဆိုသော်လည်း နှိုင်း အိပ်မပျော်ပါ"

တိတ်တိတ်ကလေး နာရီကြည့်တော့ ည ၁၂ နာရီကျော်နေပြီဖြစ်သည်။ ညသန်းခေါင်ယံအချိန်မို့ထင်ပါရဲ့ လမ်းထဲကခွေးများကလဲ အထိန်းအကွတ်မရှိ အူနေလေသည်။

ထိုစဉ် နှိုင်းငယ် ဟူသော နှိုင်းရဲ့ နာမည်ကို ခေါ်သံကြားရသည်။ တီချယ့်ရဲ့ အသံကိုစွဲပြီး ကြားနေရတာလား ဒါမှမဟုတ် တကယ်ပဲလား သိချင်တာမို့ တီချယ့်ဘက်ကို လှည့်လိုက်ရာ တီချယ်ကလဲ နှိုင်းဘက်ကို မျက်နှာမူထားတာမို့ တီချယ်ရဲ့နဖူးနဲ့ နှိုင်းရဲ့ နှုတ်ခမ်းတို့မှာ ထိကပ်ပြီး တီချယ့်နဖူးပေါ် အနမ်းတပွင့်ပေးသလို ဖြစ်သွားရင်း
တီချယ်က နှိုင်းရင်ခွင်ထဲ ရောက်သွားသလိုဖြစ်သွားသည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now