Part-12

156 12 0
                                    

ဒီလိုနဲ့ နှိုင်းရဲ့ စိတ်တွေဟာ တီချယ့်အပေါ် တစိုးတစဖြင့် စတွယ်ငြိလာသည်။ နှိုင်းကို ကလေးလို့သာထင်မှတ်သော တီချယ့်အပေါ်တွင် ခုလို မရိုးသားသော စိတ်ရှိမနေသင့်တာ နှိုင်းကိုယ်နှိုင်းလဲ သိသည်။ သို့သော် ဘယ်လိုပြောရပါ့မလဲ သံယောဇဉ်ဆိုတာ နှောင်ဖွဲ့ပြီးရင် ဖြတ်တောက်ရခက်တယ်လေ။

ဟိုးတနေ့ မနက်စာအတူတူစားခဲ့ကြသည့် နေ့ကစပြီး ယနေ့ထိ နှိုင်းစီ မလာတာ ၄ရက်ခန့်ပင်ရှိနေပြီဖြစ်သည်။ မေမေ့ကိုတော့ တီချယ်​က အလုပ်ကိစ္စနဲ့ ခရီးသွားနေရလို့ ရက်အနည်းငယ်မလာဖြစ်ကြောင်းတော့ ဖုန်းဆက်ပြော
သည်။ နှိုင်းကိုတော့ ဘာမှအကြောင်းမကြားတာမို့ စိတ်ထဲတွင် ခုနေတာတော့ အမှန်ပင်။ မိမိခံစားချက်
တချို့ကိုများ ရိပ်မိသွားလို့လား၊ ခိုးနမ်းမိတာများ
သိသွားလို့လား ဆိုပြီး အတွေးပေါင်းသောင်း
ခြောက်ထောင်ဖြင့် တွေးပူနေရသည်။

၆ရက်မြှောက်နေ့ညမှာတော့ တီချယ့်စီမှ ဖုန်းဝင်လာသည်။ နှိုင်းလဲ မထင်မှတ်ထားတာမို့ ရင်များခုန်နေသည်။

"ဟယ်လို နှိုင်းငယ်"
"ဟုတ်...ဟုတ်ကဲ့ တီချယ်"
"အိမ်မှာ တယောက်တည်းလား"
"ဟုတ်တယ် တီချယ်"
"ဒါဆိုရင် ခြံတံခါးလာဖွင့်ပေးစမ်းပါဦးကွယ်"
"ရှင်"
"ရှင် နောက်ထား အရင် အောက်ဆင်းခဲ့စမ်းပါကွယ်"
"ဟုတ် ဟုတ်"

အောက်မဆင်းခင် နှိုင်း ဝန်ရံတာကနေ ထွက်ကြည့်လိုက်ပါသေးသည်။ နှိုင်းအိမ်အောက်ရှေ့မှာ တီချယ်ဟာ တကယ်ရောက်နေပါရဲ့။ တီချယ့်ရဲ့ အနက်ရောင်ကားလေးအား နှိုင်း အသေအချာကို မှတ်မိသည်။ နှိုင်း ခြံတံခါးဖွင့်ပေးပြီးတော့ တီချယ့်ကားလေးက ခြံထဲသို့ ဝင်လာသည်။ ထို့နောက် နှိုင်းရဲ့ အမျိုးသမီး ကားပေါ်မှ ဆင်းလာသည်။ ပန်းနုရောင် ညအိပ်ဝတ်စုံလေး ဝတ်ဆင်ထားသော ထိုအမျိုးသမီးသည် တကယ့်ကလေးပေါက်စလေးနှင့်ပင် တူသည်။

"မင်းမလဲကွယ် ကြာလိုက်တာ တို့ဖုန်းဆက်ပြီးတာနဲ့
တန်းဆင်းမလာဘူးလား"
"တောင်းပန်ပါတယ် တီချယ်ရယ် နှိုင်းလဲ ရုတ်တရက်ဆိုတော့ အံ့ဩသွားလို့ပါ"
"တို့ကို အိမ်ထဲမခေါ်တော့ဘူးလား"

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now