Part-8

163 8 0
                                    

ကားပေါ်ရောက်တော့~

"မင်း မတည့်တာတွေ စားလိုက်သေးလို့လား"
"အမှန်တိုင်းပြောပြရင် နှိုင်းနဲ့ ကိုလာအချိုရည်က မတည့်ဘူး၊ အရင်ကလဲ တခါ ခရီးသွားရင်းသောက်လိုက်တာ၊ တနေ့လုံး ဗြောင်းဆန်ကုန်တာ ဆေးလဲပါမလာတော့လေ၊ အဲ့ကတည်းက ခုထိ ကိုလာ မသောက်ဖြစ်တော့တာ"
"ဒါဖြင့်လဲ မတည့်ဘူးလို့ တို့ကို ပြောတာမဟုတ်ဘူးကွယ်"
"တီချယ်က အဲ့တုန်းက စိတ်တိုနေသလိုရှိနေတာဆိုတော့
နှိုင်း လဲမငြင်းရဲလို့ပါ"

ဟုတ်ပါရဲ့ ရီ အဲ့တုန်းက စိတ်အနည်းငယ်တိုနေခြင်း
ဖြစ်သည်။ ပုံမှန်ဆို စိတ်တိုမည်မဟုတ်ပေမယ့် ခုက နှိုင်း ပါလာသည်မို့ အရာရာကို အဆင်ပြေပြေဖြစ်ဖို့သာ လိုချင်တာမို့လေ။

"အို ကလေးရယ်"
"နှိုင်းကို စိတ်မဆိုးပါနဲ့နော်"
"တို့က ဘာလို့စိတ်ဆိုးရမှာလဲကွယ် မင်းကိုသာ အားနာတာ၊ တို့ သောက်ခိုင်းလို့ ခုလိုဖြစ်ရတာလေ"
"ရပါတယ် တီချယ်ရယ်၊ တီချယ်က မသိလို့ စေတနာနဲ့
တိုက်တာပဲကို"
"အင်းပါ နောက်ဆို တို့ကို ဘာကိစ္စပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြောနော်"
"ဟုတ်ကဲ့"

ထိုကလေးအား ရီ သနားကရုဏာသက်မိသည်။ သူနဲ့ မတည့်သော အချိုရည်ကို ရီ သောက်ခိုင်းတာနဲ့ပင် သောက်လို့ ခုလို ခံစားနေရခြင်းဖြစ်သည်။

ရီတို့ နှိုင်းရဲ့ အိမ်ကို မောင်းနေစဉ်~

"ဖုန်းလာနေတာမလား ကိုင်လိုက်လေ"
"ဟုတ်"
"ဟယ်လို"
"အေး သမီးရေ မေမေလေ ဒီနေ့ နေ့လည်ကတည်းက
အလုပ်ကိစ္စနဲ့ ခရီးတိုတခုလိုက်သွားရတယ်၊ အဲ့တာ
အိမ်တံခါးသေချာသော့ခတ်ပြီးနေနော်"
"ဟင် မေမေကလဲ ရုတ်တရုတ်ကြီး နှိုင်းကိုလဲ
ကြိုမပြောဘူး"
"အင်း မေမေလဲ ပြောမလို့ပါပဲ၊ ချက်ချင်းကြီးထသွားလိုက်ရတော့ ရောက်မှပဲ ဖုန်းဆက်လိုက်တော့မယ်လို့ တွေးလိုက်လို့"
"အင်းပါ ထားလိုက်ပါတော့ ဂရုစိုက်ဦး"
"အင်း သမီးရောပဲ ဂရုစိုက်ဦး ဒါပဲနော်"
"ဟုတ်"

ဖုန်းကျသွားသည်နဲ့တပြိုင်နက် နှိုင်း သက်ပြင်းရှည်
တခုချလိုက်သည်။

"ဘာဖြစ်လို့လဲ နှိုင်း"
"မေမေလေ အလုပ်ကိစ္စနဲ့ ခရီးတိုပါသွားတယ်တဲ့ ခုမှ
သိရတယ်"
"အဲ့တော့ မင်း တယောက်တည်းနေရမှာပေါ့"
"ဟုတ်တယ် တီချယ်"
"တို့ အဖော်လာနေပေးရမလား"
"ရပါတယ် အားနာစရာကြီး တီချယ်ရယ် နှိုင်းက တယောက်တည်းနေရတာလဲ နေသားကျနေပါပြီ"
"မဟုတ်တာ မင်း တယောက်တည်းဖြစ်နေတာကို တို့ လာခဲ့ပါ့မယ်"
"တီချယ့် အမေကရော"
"အမေက အဖွားရဲ့အိမ်မှာနေတာများတယ်လေ၊ အိမ်မှာက အမြဲလို တို့တယောက်တည်းပဲ"

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now