Part-7

166 11 0
                                    

နံရံများမှာ ကြားမှ မှန်ခြားထားသောကြောင့် တဖက်ကို မြင်နေရသည်။ နှိုင်း တယောက်ပန်းချီကားတွေကို လှည့်လည်
ကြည့်နေစဉ်~~

တီရှပ်အဖြူနှင့် မိုးပြာရောင်ဘောင်းဘီတွဲဖက်ဝတ်ဆင်
ထားသူ၊ ဆံနွယ်တွေအား မြှင့်တင်စွာ စည်းထားပြီး
စလွယ်အိတ်အသေးပန်းရောင်လေးနဲ့ အမျိုးသမီးတဦး
နှိုင်းရှေ့မှ ဖြတ်သွားသည်။ ထိုအမျိုးသမီးကို မြင်ဖူးသလိုလိုရှိနေသည်မျိုး

နှိုင်းရဲ့ စိတ်အာရုံသည်လဲ ပန်းချီကားများမှ ထိုအမျိုးသမီးစီသို့ ရောက်သွားသည်။ ထိုအမျိုးသမီးသည် နှိုင်း ကြည့်နေ
သည်ကို သတိထားမိပုံရသည်။ နှိုင်းကို တချက်လှည့်ကြည့် ပြုံးပြပြီး ရုပ်တည်သွားသည်။ ရုတ်တရက်ဆန်သော အဖြစ်အပျက်များကို နှိုင်း လိုက်လို့မမှီပေ။ မှန်ခြားနေသော
ဟိုဘက်အခြမ်းအား နှိုင်းအမြန်လျှောက်သွားသည်။ သို့သော် ထိုအမျိုးသမီးမရှိတော့ပေ။

"ဟိတ် တို့ နည်းနည်းကြာသွားတယ်"

စကားသံနှင့်အတူ ပုခုံးကို လှမ်းပုတ်လိုက်သောကြောင့်
နှိုင်းအနောက်ကို လှည့်ကြည့်တော့ တီချယ်ဖြစ်နေသည်။

"ဗျာ မကြာပါဘူး ရပါတယ် တီချယ်"
"ဟိုဘက်အခန်းက ပန်းချီကားတွေ သွားကြည့်ကြမယ်"
"ဟုတ်ကဲ့"

တီချယ်ကပြောပြောဆိုဆိုဖြင့် နှိုင်းလက်ကို ဆွဲကာ သူခေါ်ရာနောက်လိုက်စေသည်။

ထိုအခန်းရှေ့မှာ လုံခြုံရေးအစောင့်ဟုဆိုရသော
ယောကျ်ားတဦးရပ်နေသည်။

"ကဒ်ပြပေးပါ အမ"
"ကျွန်မ ဘယ်သူလဲမသိဘူးလားရှင့်"
"ဘယ်သူပဲဖြစ်ဖြစ် ကဒ်ပါမှ ဝင်လို့ရပါမယ်ဗျ"

ထိုလူရဲ့ စကားအဆုံးမှာ တီချယ်က ကဒ်တခုကား ထုတ်ပြ
လိုက်သည် သို့မှသာ

"သူကရော အမ"
"ဒါ ကျွန်မ ညီမလေး"
"သူ့အတွက် ကဒ်မပါရင် သူ ဝင်လို့မရပါဘူးဗျ"
"မင်းတို့ မန်နေဂျာ သွားခေါ်ပေး"

ထိုစဉ် မန်နေဂျာဆိုသူက ရောက်လာပြီး တီချယ့်အား
ရိုရိုကျိုးကျိုးဖြင့်

"မမလေး ဘာများအဆင်မပြေဖြစ်လို့လဲဗျ"
"မင်း ဝန်ထမ်းက တို့ ကို စစ်လားဆေးလားလာလုပ်နေလို့
တို့ ဘယ်သူလဲဆိုတာ မပြောပြထားဘူးလား"
"တောင်းပန်ပါတယ် မမလေးရယ် ဒါက ဝန်ထမ်းအသစ်မို့ မမလေးကို မသိလို့ပါ"
"အင်း နောက်ဆို ဝန်ထမ်းတွေအကုန်လုံးကို ကျွန်မက ဘယ်သူဆိုတာ သေချာပြောပြထားပါ၊ ဒီလိုမျိုးဖြေရှင်းနေဖို့ ကျွန်မမှာ အချိန်မရှိဘူး၊ ခုလို စကားရပ်ပြောနေရတာနဲ့တင် ကျွန်မ
အချိန်တွေ ကုန်တယ်"
"ဟုတ်ကဲ့ တောင်းပန်ပါတယ် မမလေး"

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now