Part-18

233 15 0
                                    

နောက်တနေ့မနက်-

ဒီနေ့မနက်ခင်းကတော့ စောစောထရတယ်ဆိုပေမယ့်လဲ အရင်နေ့တွေထက် ပိုပြီး လန်းဆန်းတက်ကြွနေသည်။
ဟိုးအရင်က မေမေ တခါချုပ်ပေးထားတဲ့ ရှားရှားပါးပါးမြန်မာဝမ်းဆက်လေးကို ဝတ်ဆင်လိုက်သည်။

"နှိုင်းငယ် တို့ထွက်လာပြီနော်"
"ဟုတ် တီချယ်"

နှိုင်းငယ်ရဲ့ အသံမှာ အလွန်တက်ကြွနေပြီး ပျော်နေ
သည် ဆိုတာကို ရီ ပြေးမကြည့်ပဲ အသံကြားရုံနံ့တင်
သိပါသည်။

ဆင်စွယ်ရောင်မြန်မာဝမ်းဆက်လေးဝတ်တင်ထားသော နှိုင်းငယ်မှာ ရိုးရိုးယဉ်ယဉ်လေးကို သိပ်ကို လှသည်။
အပြစ်ကင်းစင်တဲ့ ကလေးသဖွယ် ရယ်လိုက်ရင်လဲ
ရင်ဘတ်ထဲ ဖွက်ထားချင်စရာကောင်းလှသည်။

ရီ ကိုယ်တိုင်တောင် မသိလိုက်ပဲ ထိုကလေးငယ်အား
စိုက်ကြည့်နေမိသည်မှာ ထိုကလေးနာမည်ခေါ်မှပဲ
ပြန်သတိဝင်တော့သည်။

"တီချယ် ချယ်လို့ ဘာတွေစိုက်ကြည့်နေတာတုန်း"
"မင်းက အရမ်းကို ချစ်စရာကောင်းပြီး လှနေလို့ပါကွယ်"
"တီချယ်ကလဲ မလှပါဘူးနော်"

ရှက်ပြုံးလေး ပြုံးနေသည့် ထိုကလေးငယ်ရဲ့ ပါးလေးကို ဆွဲညှစ်လိုက်သည်။ စိတ်လွတ်ပြီး ဖျစ်ညှစ်ပြီးမှ

"ဘယ်လိုမှ သဘောမထားပါနဲ့ကွယ် မင်းက အရမ်း
ချစ်စရာကောင်းနေလို့"
"ဟုတ် ရပါတယ် တီချယ်ရဲ့"
"ကဲ ကားပေါ်တက် သွားကြမယ်"
"ဟုတ်ကဲ့"

ဘုရားပေါ်ရောက်တော့ တီချယ် ငွေသားတချို့လှူပြီး
ပန်းနဲ့ ဆီမီးတို့ကို ဝယ်လာသည်။ နှိုင်းကိုတော့ နေပူမှာ
စိုးလို့ဆိုပြီး စောင်းတန်းတွင် ထိုင်ခိုင်းခဲ့သည်။

"ပန်းနဲ့ ရေသပ္ပာယ်မယ် လာ နှိုင်း"
"ဟုတ်ကဲ့"

တီချယ်က စနေ ထောင့်တွင် ပန်းတစည်းကပ်လှူပြီး ကျန်သည့် တစည်းကို ချန်ထားသည်။ အလားတူပဲ ဆီမီး၊အမွှေးတိုင်တို့ကိုလဲ တဝက်ပဲ လှူသည်။

နှိုင်းက ကျန်တဲ့တဝက်ကရော တီချယ်လို့ မေးတော့ ဘုရားရှိခိုးပြီးမှ နောက်နေ့နာမ်စီ သွားမယ်လို့ ပြောသည်။တီချယ့်ပြောပုံအရဆို နောက်တယောက်က တီချယ့်
အတွက်အရေးကြီးသည့် သူဖြစ်သည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now