"သမီး ဒီနေ့ တီချယ်မလာဘူးလား"
"မလာဘူး မေမေ"
"နေမကောင်းဖြစ်နေတာများလား မသိဘူး"
"သမီး ဖုန်းဆက်ကြည့်လိုက်မယ်နော်"
"ဆက်လိုက်ပါဦးကွယ်"
"ဟုတ်ကဲ့"နောက်ဆုံးတွေ့ခဲ့သည့်နေ့က စပြီး ဒီနေ့နဲ့ဆိုရင် တီချယ်
နှိုင်းစီ ရောက်မလာသည်မှာ ၃ ရက်ခန့်ပင်ရှိနေပြီ
ဖြစ်သည်။ တီချယ့်ကိုရော တီချယ့်ရဲ့ အပြုံးချိုချိုလေးကိုရော သိပ်ကို လွမ်းနေပြီလေ။ဒီလိုနဲ့ ဖုန်းဆက်ရင်ကောင်းမလား၊ မဆက်ရင်ကောင်းမလား စဉ်းစားရင်း ညနေစောင်းသွားတော့သည်။ နှိုင်းလဲ စိတ်ညစ်ညစ်နဲ့ မေမေ့ကို လမ်းထိပ်မှာ မုန့်သွားဝယ်ဦး
မည်ဆိုပြီး ထွက်လာခဲ့သည်။လမ်းထိပ်က မုန့်ဆိုင်ထဲ ရောက်တော့ ဘာဝယ်ရင်ကောင်းမလဲဆိုပြီး ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ဆိုင်ထဲလူဝင်လာဟန်ရှိသည်။ ဘာလို့ဆို အဝင်တံခါးက ဘဲလ်သံကြား
လိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ကိုယ်နဲ့မဆိုင်တာမို့ လှည့်မကြည့်ဖြစ်ပဲ ကော်ဖီအေး တဗူးယူလိုက်သည်။
ငွေရှင်းကောင်တာရောက်မှ နှိုင်း ပိုက်ဆံအိတ်မေ့ခဲ့
သည်ကို သတိရသည်။ ကော်ဖီဗူးကလဲ ကောင်တာက အမကို ပေးလိုက်ပြီဖြစ်တာကြောင့် နှိုင်းတယောက်
ထူပူနေပြီဖြစ်သည်။ ဝယ်နေကျဆိုင်ဆိုပေမယ့်လဲ
ပိုက်ဆံအိတ်မေ့ခဲ့သည်ဟု ပြောမထွက်ပေ။"၁၂၀၀ နော် ညီမလေး"
"အာ ဟုတ် ဟိုလေ အမ"
"ပြောလေ ညီမလေး"ထိုစဉ် အနောက်မှ ခပ်ချိုချိုအသံလေးတခုကြားရသည်။
"ဒီကလေးမ ကော်ဖီဗူးကို တို့ဟာနဲ့ ပေါင်းရှင်းပေးမယ်"
"အော် ဟုတ်ဟုတ် အမ"
"ဟင် ဟုဆိုပြီး လှည့်ကြည့်လိုက်တဲ့အခါ ရင်းနှီးနေခဲ့သော မျက်နှာသွင်ပြင်လေး၊ အရင်ကတည်းက ရင်းနှီးနေခဲ့
သည့် လူတယောက်လိုမျိုးပင်""ကျေးဇူးပါနော် အမ"
"ရပါတယ်"ထိုအမျိုးသမီးက တိုတိုပြတ်ပြတ်ပဲ ဖြေပြီး ဆိုင်ကနေ
ထွက်သွားသည်။ နှိုင်းလဲ အနောက်ကနေ ပြေးလိုက်သွားသည်။"ဟိုလေ အမ"
"အင်း ပြောပါ"
"ကော်ဖီဖိုးလေးပြန်ပေးချင်လို့ပါ"
"မလိုပါဘူး ရပါတယ်"
"မဟုတ်တာ တကယ်အားနာလို့ပါဗျာ၊ စိတ်ညစ်ညစ်နဲ့
ထွက်လာတော့ ပိုက်ဆံအိတ်က အိမ်မှာကျန်ခဲ့တာမို့ပါ"
"မင်း မနက်ဖြန်အားသလား"
"ဟုတ် ညနေပိုင်းအားပါတယ်"
"တို့ကို မင်းဖုန်းနံပတ်ပေးမလား"
"ဟုတ်ဟုတ် 09*** ပါ"
"ဟုတ်ပြီ တို့တွေ ထပ်ဆုံကြတာပေါ့"

YOU ARE READING
ချစ်ခြင်းရဲ့အလွန်
Romanceအမျိုးသမီးတဦး၏ ချစ်ခြင်းမေတ္တာကို အလှပဆုံးပုံဖော်ထားပါသည်။ romantic ဆန်ဆန်နဲ့ ခံစားချက်ပေါင်းများစွာ ပါဝင်သော ဝတ္ထုဖြစ်အောင်လဲ ပုံဖော်ထားပါသည်။