Part-6

186 10 0
                                    

"ဟယ်လို"
"ဘယ်သူလဲမသိဘူး"
"တို့ပါ ငွေတာရီ"
"အော် ဟုတ်ကဲ့ ရုတ်တရက်မို့ အသံမမှတ်မိတာ
ခွင့်လွှတ်ပါနော်"
"ရပါတယ်ကွယ် ဒီနေ့ တို့ လာမယ်နော်"
"ဟုတ်လား မေမေက ဘာမှလဲမပြောထားဘူး"
"အင်း အန်တီ မေ့နေတာနေပါလိမ့်မယ်"
"ဟုတ် ဘယ်ချိန်လောက်ရောက်မှာလဲဟင် အမ"
"နောက်တနာရီဝန်းကျင်လောက်ဆို တို့ရောက်ပြီ"
"ဟုတ်ကဲ့"
"အင်း ဒါဆိုဖုန်းချပြီနော်"
"ဟုတ်ကဲ့ပါ"

မေမေကလဲ ထုံးစံအတိုင်း မေ့ပြီး နှိုင်းကို ဆရာမ
လာမယ့်အကြောင်းလဲ မပြောထားပါ။ နှိုင်းလဲ ရေမိုးချိုး
ပြင်ဆင်ပြီး ဆရာမ အလာကို ထိုင်စောင့်နေလိုက်သည်။

မိနစ်၃၀ လောက်ကြာတော့ အိမ်ရှေ့တွင် ကားရပ်သံကြားရ
သည်။ တနာရီဝန်းကျင်လို့ဆိုပြီး စောရောက်လာသည်
ဖြစ်မည်။

နှိုင်းလဲ ခြံတံခါးဖွင့်ပေးပြီး ခြံထဲသို့ ဝင်စေသည်။

ထို့နောက် ကားပေါ်မှ ထဘီရင်ဖုံး ပန်းဇီရောင်ဝမ်းဆက်ဖြင့် ဆင်းလာသော ထိုအမျိုးသမီးမှာ ခြေတလှမ်း ကမ္ဘာတသန်းဆိုရလောက်အောင်ပင်

"အလုပ်ကိစ္စစောပြီးတာနဲ့ မင်းစီစောရောက်လာတာကွယ်"
"ဟုတ်ကဲ့"
"မင်းကလဲ ဟုတ်ကဲ့ ကြီးပဲ"
"ဟုတ်ကဲ့ အဲ မှားလို့ ဟုတ်"
"အန်တီရော"
"မေမေက မနက်ကတည်းက အလုပ်သွားတယ် အမ"
"ဟုတ်ပါပြီ"

အိမ်ထဲရောက်တော့

"တီချယ် အပူလား အအေးလား"
"အဆင်ပြေတာသာ လုပ်ပါ"
"ရာသီဥတုက နည်းနည်းပူနေတော့ လိမ္မော်ရည်အေးအေးလေးပဲ ဖျော်လိုက်မယ်နော်"
"မင်း သဘောပါကွယ်"

မင်း လို့ သုံးနှုန်းရင် နှိုင်းစိတ်ထဲ မယိုးမယွ ဖြစ်သည်မှာတော့
အမှန်ပင်။

"လိမ္မော်ရည်ရပါပြီဗျ"
"ဒါဖြင့် တို့တွေ စသင်ကြမယ်လေ"
"ဟုတ် နှိုင်းအခန်းထဲကို ကြွပါနော်"
"ကောင်းပါပြီ"

နှိုင်းရဲ့ အခန်းမှာ သေသေသပ်သပ်ဖြင့် နေချင်စရာ
ကောင်းလှသည်။ မိုးပြာရောင်အနုသုတ်ထားပြီး စာရေးစားပွဲခုံရယ်၊ ကုတင်ရယ်၊ ဗီရိုရယ် နံရံတွင် ကပ်ထားသော ဓာတ်ပုံတချို့နှင့် ရောင်စုံမီးကြိုးကလေးများ ရှိသည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now