Part-13

158 14 0
                                    

သည်လိုနဲ့ပဲ ထိုနေ့ညက တယောက်အသက်ရှုူသံ
တယောက်နားထောင်ရင်း နှိုင်းတို့ အိပ်ပျော်သွားခဲ့ကြ
သည်။ မနက်ရောက်တော့ အိမ်ရှေ့တွင် ကားဟွန်းတီးသံကြားလို့ ဝန်ရံတာပေါ်ကနေ ထွက်ကြည့်တော့ မိုးပြာရောင်ကားတစီး ခြံရှေ့တွင် ရပ်နေသည်။ တီချယ့်သူငယ်ချင်းတယောက်ယောက်များလာခေါ်တာလားဆိုပြီး တီချယ့်ကို နှိုးပြီး ခေါ်ပြတော့ တီချယ့်မျက်နှာတွင် စိုးရိမ်ပူပင်
စိတ်တို့ကို ဖြတ်ခနဲမြင်လိုက်ရသည်။ မနေ့ညက မျက်နှာပျက်သွားသည်ထက် ပိုသည်။ တီချယ်ဟာ ထိုကားကို မြင်မြင်ချင်းပဲ တုန့်ဆိုင်းနေချင်းမရှိပဲ အခန်းထဲသို့ဝင်ပြီး တစုံတယောက်ကို ဖုန်းခေါ်နေသည်။ နှိုင်းထင်တာ မလွဲ
ရင် တီချယ်ဖုန်းခေါ်နေသူမှာ အိမ်ရှေ့က ကားပိုင်ရှင်ကိုပဲ ဖြစ်မည်။ သို့သော် တဖက်မှ ဖုန်းမကိုင်တာမို့ တီချယ်ဟာ အောက်ထပ်ကို ပြေးဆင်းသွားလေသည်။

"နှိုင်း အိမ်ထဲမှာနေ အပြင်ထွက်မလာနဲ့" ဟု တီချယ်က အမိန့်ပေးသွားသော်လည်း ထိုလူဟာ ဘယ်သူလဲ
တီချယ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ ဆိုတာ သိချင်တာမို့ တီချယ့်အနောက်က ခိုးလိုက်ပြီး ခြံတံခါးအနောက်မှာ တိတ်တိတ်လေးခိုးရပ်နေရသည်။ တီချယ်ကတော့
ခြံအပြင်ထွက်ပြီး ထိုလူနဲ့ စကားပြောနေသည်။

"ဦးနေမျိုး သူများအိမ်ထိ ဘာလာလုပ်တာလဲ ကျွန်မ ဒီမှာရှိတာကိုရော ဘယ်လိုသိတာလဲ ကျွန်မကို ခြေရာခံနေတာလား"
"ဖြည်းဖြည်းမေးပါ ရီရီရယ် မောနေပါဦးမယ်"
"အပိုစကားတွေ မပြောပဲ ကျွန်မမေးတာပဲ ဖြေပါ"
"ရီရီ့အမေ့ကို ဖုန်းဆက်ပြီး မေးကြည့်တော့ ရီရီစာသင်တဲ့ ကလေးအိမ်မှာ ရှိနေနိုင်တယ်ဆိုလို့ လိပ်စာရတာနဲ့
လိုက်လာတာပါဗျာ"
"ရှင် နဲ့ကျွန်မက ဘာဆိုင်လို့ ခုလိုတွေ လုပ်နေရတာလဲ"
"ခုမဆိုင်လဲ နောက်ဆိုင်မှာပဲလေ ရီရီ"
"ဆုတောင်းလေ ဒီတသက်မပြောနဲ့ နောက်ဆယ်သက်ထိ ကျွန်မကို မရဘူး"
"အပြောတွေမစောစမ်းပါနဲ့ကွာ မတွေ့ရတာ တပတ်လောက်ရှိနေလို့ လွမ်းနေတဲ့ လူကို ဒီလိုပဲ ဆက်ဆံရ
သလား ရီရီ"

တီချယ်တို့ စကားပြောသံကို နှိုင်း ရှင်းရှင်းလင်းလင်းကြားရသည်။ တီချယ်နဲ့ ထိုလူက မတွေ့ရတာ တပတ်ရှိပြီဆိုတော့ နှိုင်းနဲ့ နောက်ဆုံးမတွေ့ခင် အရှေ့ရက်က တွေ့ခဲ့ကြသေးတာပေါ့လေ။ တီချယ်တို့ ပတ်သက်မှုက ဘာတွေလဲ ဟု နှိုင်း တယောက်တည်း အတွေးများနေသည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now