Part-19

216 15 2
                                    

"တီချယ် စာသင်ပြီးရင် နှိုင်းရဲ့ အထူးစပယ်ရှယ် ကိတ် ကျွေးမယ်နော်"
"အမယ် မင်း ကိုယ်တိုင်လုပ်ထားတာလား"
"ဒါပေါ့ youtube ကနေကြည့်ပြီး လုပ်ထားတာ"
"ဟုတ်ပါပြီကွယ်"

သိပ်မကြာလှပါဘူး နှိုင်း အောက်ထပ်မှာ ကိတ်သွားယူပြီး အပေါ်ပြန်တက်လာသည်။

ကိတ်မုန့် ခွံ့ကျွေးလာသော ကလေးငယ်ကို ကြည့်ပြီး ကြည်နူးရပြန်သည်။

"ကောင်းလား ဘယ်လိုနေလဲ တီချယ်"
"ကောင်းတာပေါ့ကွယ် ဒီတိုင်းဆို ကိတ်ဆိုင်ဖွင့်လို့တောင် ရပြီ"
"တီချယ်ကလဲ လာမြှောက်နေတယ်"
"တကယ်ပါဆို လာ တို့လဲ မင်းကို ခွံ့ကျွေးမယ်"
"ဟီး"

နှိုင်းရဲ့ နှုတ်ခမ်းထောင့်နားမှာ ကိတ်မုန့်ခရင် တချို့ပေနေတာမို့ တီချယ်က တစ်ရှုူးယူကာ သုတ်ပေးသည်။

နှိုင်းရဲ့ နှုတ်ခမ်းတို့မှ အကြည့်မလွှဲသော တီချယ့်ကြောင့် မနေတတ်တော့ပေ။ လူက မရိုးမရွဖြစ်လာပြီး ရှက်လာ
သလိုပင်။

"တီချယ်"
"ဟင် ဆောရီး တို့ အတွေးများသွားလို့"
"ချယ့်အတွက် ကိတ်ထပ်ထည့်ပေးလိုက်မယ်နော်"
"မင်းသဘောပါကွယ် မင်းထည့်ပေးတော့လဲ တို့ စားရမှာပေါ့"
"ဒါဆို
"တီချယ့်ကို တခုလောက်တောင်းဆိုလို့ရမလားဟင်"
"ပြောကြည့်လေ"
"ဟို နောက်အပတ်စနေနေ့ကျရင် အင်းယားမြိုင်ပန်းခြံသွားချင်လို့ လိုက်ခဲ့ပေးပါလားဟင်"
"စမ်းချောင်းနဲ့မြက်ခင်းစိမ်းတွေရှိတဲ့နေရာလား"
"ဟုတ်"
"အင်း တို့ လိုက်ခဲ့ပေးမယ်"
"တကယ်နော် တီချယ် ကတိ"
"တကယ် လူကြီးကတိ"

နှိုင်းရဲ့ မျှော်လင့်ချက်မျှင်တန်းသေးသေးလေးက တဖန်တောက်ပလာပြန်ပြီ။

"ဟယ်လို ငယ်"
"ဟုတ် အမ"
"ဝန်ရံတာ ခဏလောက်ထွက်ခဲ့ပါလား ကိုယ်မင်းအိမ်ရှေ့မှာ"
"ဟင်"

အစက အမပိုး စနေတာလို့ နှိုင်း ထင်တာ တကယ်
ထွက်ကြည့်တော့ ဟုတ်ပါရဲ့ ဗူးတစ်ဘူး ကိုင်ထားပြီး မတ်တပ်ရပ်နေတာ၊ ဘာဗူးလေးလဲတော့ မသိဘူး။

"မင်းကို ပေးစရာလေးရှိလို့ အောက်ဆင်းပြီး လာယူလို့ရလား"
"အယ် ဟုတ် ခဏလေးနော်"

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now