နှိုင်းတို့ ထမင်းစားသောက်ပြီး ရုပ်ရှင်တူတူကြည့်ကြ
သည်။"တီချယ့်လက်ရာက အရမ်းစားလို့ ကောင်းတာပဲနော်"
"ဟုတ်သလား"
"ဟုတ်တာပေါ့ တကယ်အရမ်းကောင်းပဲ တီချယ်ရယ်၊
နှိုင်းဖြင့် အမြဲစားရရင်တောင် ရိုးသွားမှာ မဟုတ်တာ
သေချာတယ်"နှိုင်း အနှောင့်အသွားမလွတ်သော စကားကို ပြောလိုက်မိပြီ ထင်ပါရဲ့
"ဟုတ်ပါပြီကွယ် တို့ ခဏနေ ပြန်တော့မယ်"
"အော်... ဟုတ် တီချယ်"
"နက်ဖြန်တော့ ညနေလောက်မှ လာခဲ့မယ်"
"ဟုတ် တီချယ် အဆင်ပြေတဲ့ အချိန်လာခဲ့ပါ"
"ကောင်းပါပြီ"ဒီလိုနဲ့ ရုပ်ရှင်တဝက်လောက်ရောက်တော့ အလုပ်ကိစ္စတခုရှိလို့ဆိုပြီး တီချယ်က ပြန်သွားသည်။ နှိုင်းလဲ ရုပ်ရှင်ပြီးအောင်ကြည့်ပြီးနောက် ဝတ္ထုတိုလေးတပုဒ်ရေးနေတုန်း နာရီကို လှမ်းကြည့်တော့ ၃ နာရီထိုးနေပြီ။ ၄ နာရီ
အရောက်သွားရမှာမို့ နှိုင်း ရေချိုးအင်္ကျီလဲလိုက်သည်။"နှိုင်းလဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် မိုးပြာရောင်ဘောင်းဘီတည့်ပွရှည်နဲ့ တီရှပ်အဖြူရောင်လေးကိုသာ ဝတ်ဆင်
လိုက်သည်။ နှိုင်းက အသားဖြူတာမို့ ထိုအရောင်များနဲ့ တကယ်လိုက်ဖက်သည်ဟု တီချယ်က ပြောဖူးသည်။"ဟယ်လို မင်းလာနေပြီလား"
"ဟုတ် ရောက်တောင်ရောက်တော့မယ် အမ"
"အင်း ဆိုင်ထဲဝင်ခဲ့နော် ဘယ်ဘက်ထောင့်စွန်းဝိုင်းမှာ
ကိုယ်ရှိတယ်"
"ဟုတ် အမ"နှိုင်း ထက်ပိုစောရောက်နေတာမို့ ဒီအမျိုးသမီးအချိန်ကို လေးစားပါလားဟု ကောက်ချက်ချမိသည်။
"အမ စောင့်နေရတာ ကြာသွားလားဟင်"
"သိပ်မကြာသေးပါဘူး ကိုယ်က စိတ်စောနေလို့
ကြိုရောက်နေတာပါ"
"ဟုတ် ဒီနေ့ ကော်ဖီတော့ နှိုင်းဝယ်တိုက်ပါရစေနော်
မင်းသဘောပါ"
"အမ နာမည်ဘယ်လိုခေါ်လဲဟင်"
"ပိုးဇာလွှင်"
"နာမည်လေးက လှတယ်နော်"
"အင်း ကိုယ့်မေမေ ပေးထားတာ"
"နှိုင်းနာမည်က နှိုင်းငယ်ပါ"
"ငယ် လို့ခေါ်လို့ရမလား"
"ဘယ်သူမှတော့ မခေါ်ဖူးပေမယ့် အမ သဘောပါ၊
ရပါတယ်"
"မင်းအခု ဘာသင်တန်းတွေတက်နေလဲ"
"အိမ်မှာ ဆရာမနဲ့ သင်ပါတယ်၊ အပြင်သင်တန်းကတော့ နောက်လလောက်မှ တက်ရမှာပါ"
"မနေ့က အဲ့မုန့်ဆိုင်နားက ကိုယ့်ဆိုင်ခွဲတခုဖွင့်ဖို့ အခန်းလာကြည့်ပြီးအပြန် မုန့်ဝင်ဝယ်ရင်း မင်းနဲ့ဆုံတာ၊ မင်းက အဲ့လမ်းမှာ နေတာလား"
"ဟင် အမက ဘယ်လိုသိတာလဲ"
"အော် ကိုယ့်ကားမှန်က လှမ်းကြည့်တော့ အဲ့လမ်းထဲ
ဝင်သွားတာ တွေ့လို့လေ"
"ဆိုင်ခွဲဖွင့်ဖို့ အခန်းရသွားလား အမ"
"အင်း တနေ့ကလောက်ထိတော့ စဉ်းစားတုန်းပဲ ဒါမယ့် မင်းနေတဲ့ လမ်းနဲ့ နီးတာမို့ အဲ့အခန်းကို ကိုယ်မနက်ကပဲ ငွေချေလိုက်ပြီ"
"နှိုင်း အိမ်နဲ့ နီးတာနဲ့ ဘာဆိုင်လို့လဲဟင်"
"မင်းအိမ်နဲ့နီးတော့ မင်းနဲ့ တပတ်တခါလောက်တွေ့လို့
ရတာပေါ့"
"အမ ကလဲ ဘာတွေလျှောက်ပြောနေတာလဲ"
"စတာပါကွာ၊ အဲ့အခန်းလေးက သန့်လဲသန့်တယ်၊ကျယ်လဲကျယ်လို့ ဝယ်လိုက်တာ"
"ဟိုစပ်စုတယ်တော့ မထင်ပါနဲ့နော် ဘာဆိုင်ဖွင့်မှာလဲဟင်"
"ပိုးထည်ဆိုင်ဖွင့်မှာ တို့က ဒီဇိုင်းနာဆိုတော့ အထည်တွေအတွက် ဒီဇိုင်းတွေ ကိုယ်တိုင်ဆွဲရတယ်လေ"
"ဟုတ်လား နှိုင်းက ဒီဇိုင်းဆွဲရတာ ပန်းချီဆွဲရတာ၊
ငယ်ငယ်ကတည်းက ဝါသနာပါတာ"
"ဒါဆို မင်းနဲ့ကိုယ် ပန်းခြံတို့ စမ်းချောင်းနားတို့သွားပြီး ပန်းချီဆွဲလို့ ရပြီပေါ့"
"မေမေခွင့်ပြုရင်တော့ သွားကြတာပေါ့လေ"
"ဟုတ်ပါပြီ၊ ဒါပြီးရင် ဘယ်သွားချင်သေးလဲ"
"ဟင့်အင်း မသွားချင်တော့ပါဘူး"
"မင်းကအနေအေးမယ့်ပုံပဲ"
"ဟုတ်မယ်ထင်တယ်"
"ကိုယ် အပြန်တခါတည်းဝင်ပို့ပေးရမလား"
"ရပါတယ် ကိုယ့်ဘာသာပဲ ပြန်လိုက်ပါမယ် အမ"
"ကောင်းပါပြီကွယ်"အိမ်ပြန်လမ်းတလျှောက်လုံး ထိုအမျိုးသမီးက
နှိုင်းအတွေးထဲ နေရာယူထားသည်။ အိမ်ရောက်ပြီး
သိပ်မကြာသေးဘူး ဖုန်းဝင်လာပြန်သည်။"အိမ်ပြန်ရောက်ပြီလား ငယ်"
"ဟုတ် ပြန်ရောက်ပါပြီ"
"ကောင်းပါပြီ" လို့ဆိုပြီး ဖုန်းချသွားလေသည်။နှိုင်းလဲ အတွေးတွေကြား ပြာများပြီး ထိုညကို တော်ရုံနဲ့ အိပ်မပျော်ခဲ့ပေ။
--
ဒီလိုနဲ့ တီချယ်နဲ့ စာသင်ရင်း ပုံမှန်နေ့ရက်တွေလို
ဖြတ်သန်းလာခဲ့သည်။ ပိုးဇာလွှင် ဆိုသော အမျိုးသမီးစီမှ ဖုန်းကောလ်များမရရှိတော့သလို စကားလဲ မပြောဖြစ်ခဲ့ကြပါဘူး။တီချယ်က နှိုင်းကို ဂရုစိုက်သည်။ တီချယ့်ရဲ့ စိတ်ထဲမှာတော့ ညီမလေးတယောက်လို သဘောထားပြီး
ဂရုစိုက်ပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နှိုင်းမှာတော့ တနေ့တခြားမျှော်လင့်ချက်များ ပိုပိုတိုးလာသည်။တနေ့မှာ နှိုင်းတို့ စာသင်နေတုန်း
"နှိုင်း မနက်ဖြန်မနက်ပိုင်းအားလား"
"ဟုတ် အားပါတယ် တီချယ်"
"တို့နဲ့ ဘုရားလိုက်ခဲ့ပေးပါလား"
"လိုက်ခဲ့မယ်လေ၊ လိုက်ခဲ့မှာပေါ့ ဘယ်သူတွေရောပါသေးလဲ တီချယ်"
"မင်းနဲ့တို့ နှစ်ယောက်တည်းပဲ"
"ဟုတ်ကဲ့"
"၇ နာရီခွဲလောက် တို့လာခေါ်မယ် မင်း နိုးရဲ့လား"
"နိုးအောင်ထမှာပေါ့ ခုလို တီချယ်ခေါ်တာကိုပဲ ပျော်နေပြီ"
"ဟုတ်ပါပြီကွယ်"တကယ်လဲ နှိုင်းပျော်ပါသည်။ နှိုင်းတယောက်တည်းကိုပဲ တသီးတသန့်ခေါ်တာမို့ ပျော်တာထက်ကို ပိုပါသည်။
#oo
31.5.23
ဒီ fic လေးကို သဘောရောကျကြရဲ့လားဗျ စာဖတ်သူတွေရဲ့ votes တွေက အားဆေးတမျိုးမို့ vote ပေးကြပါဦးဗျာ
YOU ARE READING
ချစ်ခြင်းရဲ့အလွန်
Romanceအမျိုးသမီးတဦး၏ ချစ်ခြင်းမေတ္တာကို အလှပဆုံးပုံဖော်ထားပါသည်။ romantic ဆန်ဆန်နဲ့ ခံစားချက်ပေါင်းများစွာ ပါဝင်သော ဝတ္ထုဖြစ်အောင်လဲ ပုံဖော်ထားပါသည်။