Part-4

211 12 0
                                    

ရုပ်ရှင်သာ ပြီးလို့ သွားတယ်၊ ထိုအမျိုးသမီးစီ
စိတ်ရောက်နေတာကြောင့် ရုပ်ရှင်က သရဲကားဖြစ်သည်
မှလွဲ၍ ကျန်တာ ဘာမှမသိလိုက်ရပါ။

ရုပ်ရှင်ကြည့်ပြီးလို့ ရုံထဲက လူတွေ သူသူငါငါထွက်သွားကြရာတွင် ရုတ်တရက် စောနက အမျိုးသမီးကို ဖြတ်ကနဲတွေ့
လိုက်သည်။ နှိုင်း သွားပြီး နှုတ်ဆက်မို့ စဉ်းစားထားသော်လည်း လူတွေက အပေါက်ဝမှာ ပြည့်ကြပ်နေသောကြောင့် လူချောင်သွားသောအခါတွင် ထပ်ရှာသော်လည်း ထိုအမျိုးသမီးကို ရှာလို့မတွေ့တော့ပေ။

"နောက်ဆိုရုပ်ရှင်မကြည့်ကြနဲ့ဟာ ပျင်းစရာကြီး"
"နင်ကမှ ရုပ်ရှင်ထဲစိတ်မဝင်စားတာကို"
"anyway လေ နောက်ဆိုမကြည့်တော့ဘူး ပိုက်ဆံအလကားကုန်တယ်"
"ဒေါ်နှိုင်းငယ်တို့ကတော့ ဖြစ်ရပြီ"
"ပြန်ကြမယ် အိပ်ချင်လာပြီ"
"အေးပါ ပြန်ကြမယ်လေ"

အိမ်ပြန်လမ်းတလျှောက်လုံးထဲ ထိုအမျိုးသမီးအကြောင်းတွေးနေမိသည်။ အိမ်ပြန်ရောက်တော့ အိပ်ယာပေါ် ဘုတ်ခနဲ လှဲချလိုက်ပြီး ဒီနေ့တွေ့ခဲ့တဲ့ ထိုအမျိုးသမီးရဲ့ကျောပြင်ကို ရင်းနှီးနေသလိုရှိတာမို့ ဘယ်သူပါလိမ့်လို့ တွေးရင်းတွေးရင်းဖြင့်~~~

"ဟာ မှတ်မိပြီ၊ ဟိုးတခါ ထီးငှားလိုက်တဲ့ အမကြီးနဲ့ တူနေတာပဲ၊ နောက်ကျောကတော့ တော်တော်လေးခပ်ဆင်ဆင်ပဲ၊
ဒါမယ့်လဲ သူဆိုတာ ဟုတ်လား၊ မဟုတ်လားမှ မသေချာတာ၊

"ဟူး မေမေရေ မေမေပြောတော့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆို ခုများတော့ ထပ်မဆုံတော့ပါလား"

မေမေလဲ အိမ်မှာမရှိတာမို့ နှိုင်းလဲ စိတ်လွတ်ကိုယ်
လွတ်အော်ပြောလိုက်သည်။

ရေချိုးပြီး အိပ်တာပဲ ကောင်းတယ်။

ရေမျိုးချိုးပြီးတော့ ထိုအမျိုးသမီး​၏ ထီးအား မအိပ်ခင် ထုတ်ကြည့်ရင်း~~~

"ထီးလေးရေ မင်းရဲ့ ပိုင်ရှင်နဲ့ ထပ်ဆုံချင်တယ်ကွာ" လို့ စိတ်ထဲက ပြောပြီး ပြန်သိမ်းလိုက်သည်။

အတွေးများစွာဖြင့် အိပ်ပျော်သွားတော့သည်။

~~~~~~~~~~~~~~~~~
"မင်း ပတ်ဝန်းကျင်မှာ တို့အမြဲရှိပါတယ်"
"ဒါဆို ဘာလို့ အမနဲ့ ထပ်မဆုံရတာလဲ"
"အချိန်မတန်သေးလို့ပေါ့ကွယ်"
"ထီးလေးလဲ ပြန်ပေးချင်နေပြီ၊ မြန်မြန်ဆုံပါရစေတော့"
"တနေ့တော့ ဆုံမှာပါ ကလေးငယ်ရယ်"
"အမနဲ့တော့ ခက်ပြီဗျာ"
~~~~~~~~~~~~~~~~~

နောက်တနေ့မနက်~~~

"ဒီနွေမှာ အကျိုးရှိတာ တခုခုသင်ရမယ်နော် သမီး"
"ဟုတ် မေမေ"
"မေမေ့ သူငယ်ချင်းရဲ့ သမီးလေးက It နဲ့ Master ဘွဲ့ရထားတာလေ"
"ဟုတ် အဲ့တော့"
"အဲ့တော့ သမီးကို ဒီနွေမှာ It နဲ့ပတ်သတ်တာတွေ သင်ပေးဖို့ မေမေပြောထားတယ်"
"နှိုင်း တယောက်တည်းလား မေမေ"
"ဟုတ်တယ် သမီးက တယောက်တည်းပဲ သင်ချင်တာ
ဆိုလို့လေ"
"ဆရာမက အသက်အရမ်းကြီးလားဟင်"
"မကြီးပါဘူး၊ ၃၀ ပတ်ဝန်းကျင်လောက် နေမယ်"
"ချောလား မေမေ"
"ဒါတော့ ငါလဲမသိဘူးအေ၊ တကယ်ပဲ စပ်စုလိုက်တာ တွေ့မှ ကြည့်လိုက်တော့ ဟုတ်ပြီလား"
"ဟီး မေမေကလဲ သိချင်လို့ကို"
"ရေချိုးပြီး နေ့လည်စာစားထား၊ သင်ဖို့အတွက် လိုအပ်တဲ့ laptop ဘာညာသွားဝယ်ရမယ်"
"မေမေကလဲ တကယ်ချက်ချင်းကြီးတွေ ကြိုလဲမပြောဘူး"
"ကဲပါ ခုသွားချိုးလိုက်လေ လိုသေးတာကို၊ ၁ နာရီကျ ဆရာမ လာလိမ့်မယ်"
"ဟမ် ဘာလို့လဲ"
"မေမေတို့က အဲ့အပိုင်းမှ မကျွမ်းကျင်တာ တော်ကြာ ပစ္စည်း
ဝယ်တဲ့အခါ အမှားအယွင်းမရှိအောင် ဆရာမက တခါတည်းလိုက်ပြီး ရွေးပေးမယ် လို့ပြောတယ်"
"ဟုတ်ဟုတ် ဒါဆိုသမီးရေသွားချိုးလိုက်ဦးမယ်"
"အေးအေး"

မေမေက နွေကျရင် သင်တန်းတခုခုတက်ရမည်ဆို အစောကတည်းက ပြောထားတယ်ဆိုပေမယ့် ဆရာမနဲ့ အိမ်မှာ
ကွန်ပြူတာ သင်ရမည်ဆိုတာတော့ ခုမှသိရသည်။ သို့သော်
လည်း နှိုင်းတယောက်တည်း လွတ်လွတ်လပ်လပ်သင်ရ
မည်မို့ သင်တန်းကို သွားတက်ရတာထက်တော့ စိတ်သက်သာရသည်။ ဒါမယ့်လဲ ဆရာမနဲ့ နှစ်ယောက်တည်းနဲ့ စစချင်းမှာတော့ နည်းနည်းကျောချမ်းမည်ထင်သည်။

"သမီးရေ မပြီးသေးဘူးလား"
"ဟုတ် ပြီးတော့မယ် ခဏလေးပါ"
"မြန်မြန်လုပ် သမီးရဲ့ ဆရာမက ရောက်တော့မယ်တဲ့
စောနက မေမေ့ကိုဖုန်းဆက်တယ်"
"ဟုတ်ဟုတ် ခဏပါပဲ"

စက္ကန်းပိုင်းအကြာမှာပဲ အိမ်ရှေ့က ဘဲလ်သံကြားရသည်။
နှိုင်းထင်တာမမှားဘူးဆိုလျှင် ဆရာမဆိုသော အမျိုးသမီးရောက်လာတာပဲ ဖြစ်မည်။

"ဝင်ပါ ထိုင်ပါဦး ဆရာမ"
"ဟုတ်ကဲ့"
"အအေးလေးသောက်ပါဦး ဆရာမ"
"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ"
"သမီးရေ ဆရာမရောက်နေပြီနော်" ဟူသော မေမေ့​၏ အသံက အောက်ထပ်မှ ပဲ့တင်လာသည်။

နှိုင်းလဲ ခေါင်းမြန်မြန်ဖြည်းပြီး အောက်သို့ ဖိနပ်ကိုင်ကာ ဆင်းလာသည်။

"ဟင်"

#oo
8.2.23

အကောင့်အသစ်ဆိုတော့ လူသိပ်မသိကြသေးတာမို့
ကြိုက်နှစ်သက်ရင် မျှဝေပေးဖို့ တောင်းဆိုပါရစေဗျ။
စာဖတ်တဲ့ဒါဒါရှိမှ ကျွန်တော်လဲ စာရေးရတာ အားပိုရှိမှာ
မို့လို့ဗျာ။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now