Part-2

271 11 0
                                    

နှိုင်းတယောက်အိမ်ပြန်ရောက်တော့ အပေါက်ဝတွင် မေမေက စောင့်နေသည်။

"ဖုန်းအားကုန်သွားတာလား သမီး စိတ်ပူနေတာ မေမေက"
"ဟုတ်တယ် သမီးရဲ့ ဖုန်းအားကုန်သွားလို့ မေမေ"
"နောက်ဆို ဖုန်းအားကို အပြည့်သွင်းသွား ကြားလား"
"ဟုတ်"
"ဒါနဲ့ ဒီထီးက ဘယ်သူဟာလဲ သမီး"
"မသိပါဘူး မေမေရယ် အမကြီးတယောက် သမီးလက်ထဲ
ထည့်ပေးလိုက်တာ၊ သူကတော့ သူ့ကိုလာကြိုတဲ့
ကားပေါ်တက်သွားတာပဲ"
"ဟုတ်လား သေချာသိမ်းထားပေးလိုက်ဦး၊ စာကြည့်တိုက်
မှာ တွေ့တာဆိုတော့ နောက်တခါပြန်တွေ့နိုင်တာမို့
အိတ်ထဲထည့်ထား သမီး"
"ဟုတ် မေမေ"

မေမေပြောမှပဲ နှိုင်းတွေးမိသည်။ ထိုအမျိုးသမီးသည်
စာကြည့်တိုက်ကို လာတာဆိုတော့ တချိန်မဟုတ်
တချိန်တော့ ပြန်တွေ့ပြီး ထီးကို ပြန်ပေးလို့ ရနိုင်မည်။
မိုးရေစိုလာတာမို့ အတွေးတွေကို လက်စသက်ကာ
နှိုင်းလဲ အပေါ်ထပ် အခန်းရှိရာသို့ ဝင်သွားသည်။

"ခေါင်းသေချာသုတ်ဦးနော် သမီး"
"ဟုတ် မေမေ"

နှိုင်းတယောက် ရေချိုးအင်္ကျီလဲပြီးသည်အထိ ထိုအမျိုးသမီးကို အတွေးထဲက ထုတ်ပယ်လို့ မရပေ။ အတွေးထဲတွင်
ထိုအမျိုးသမီး​၏ ငြိမ်သက်မှု၊ လှုပ်ရှားမှုတို့အား မျက်ဝန်းထဲတွင် တရိပ်ရိပ်ပေါ်လာသည်။ ထိုအမျိုးသမီး​၏ နာမည်လေးတောင် မမေးခဲ့တဲ့ မိမိကိုယ်သာ အပြစ်တင်လို့မဆုံးပေ။
သို့သော်လည်းမေမေပြောသလို စာကြည့်တိုက်မှာ တခါ
မဟုတ်တခါတော့ ပြန်ဆုံမည်ဟု ဖြည့်တွေးလိုက်သည်။
ညစာစားပြီး ကျောင်းစာတွေလုပ်ပြီး ဖုန်းသုံးနေသည်။
ဖုန်းသုံးနေရင်း ဒီနေ့ တွေ့ခဲ့တဲ့ အမျိုးသမီးအကြောင်းကို သူငယ်ချင်းဖြစ်သူအားပြောရန် စာပို့လိုက်သည်။

ချယ်ရီ ဆိုသူမှာ သူငယ်ချင်းတွေထဲကမှ အရင်းနှီးဆုံးဟု ဆိုလို့ရသည့် သူငယ်ချင်းဖြစ်သည်။

"ဟဲ့ ချယ်ရီ"
"ဟေ"
"နင့်ကို ပြောပြစရာရှိလို့"
"ဟမ် ဘာများလဲ ထူးထူးဆန်းဆန်းစာရိုက်ရတာ မကြိုက်တဲ့သူက စာတွေဘာတွေလာပို့နေတယ်"
"နင်ကလဲ စကားအကောင်းပြောမို့ကို"
"အေးပါ ပြောလို့"
"ညနေကလေ စာကြည့်တိုက်ကအပြန်လေ နင်တို့တွေ ပြန်သွားကြပြီးတော့ ငါတယောက်တည်း ကျန်ခဲ့တယ်လေ၊ ဖယ်ရီကားစောင့်ရင်း အမျိုးသမီးတဦးနဲ့တွေ့ခဲ့တာ တော်တော်လှတယ်ဟယ် ငါ့ကို သူ့ထီးပေးသွားပြီး သူ့ကိုလာကြိုတဲ့ ကားပေါ်တက်သွားတယ်"
"နင်က နာမည်တွေဘာတွေ မမေးလိုက်ဘူးလား"
"မမေးလိုက်ပါဘူးဟယ် သူကထီးပေးပေးပြီးချင်း
ကားပေါ်တက်သွားတာ"
"နင်ကလဲ ညံ့လိုက်တာ ထီးဘယ်လိုပြန်ပေးမလဲအဲ့တော့"
"သူပြောခဲ့သလို ကံပါလို့ ထပ်ဆုံတဲ့ တနေ့ပေါ့လေ"
"ကံဆိုတာ လူလုပ်တာ နှိုင်းငယ်မရဲ့"
"ငါသိပါတယ် အေးဆေးပေါ့"
"ပြီးတာပဲ"
"အေးအေး ဒါပဲ နက်ဖြန်ကျောင်းမှာတွေ့မယ်"
"အိုကေပါ အိပ်ပျော်အောင်လဲအိပ်ဦး"
"အေးပါ"

နှိုင်းတယောက်အိပ်ပျော်သွားသည့်တိုင် ထိုအမျိုးသမီးအကြောင်း တွေးနေမိသည်မှာ အမှန်ပင်။

"အမ"
"ရှင်"
"ညီမကို မှတ်မိလားဟင်"
"ဟိုတနေ့က ထီးပေးလိုက်တဲ့ ကလေးမလေးလား"
"ဟုတ်တယ်ဗျ အဲ့တာလေ ထီးပြန်ပေးချင်လို့ ဘယ်နေ့တွေ စာကြည့်တိုက်လာတတ်လဲဟင်"
"ရက်က ပုံသေတော့ မရှိဘူးရယ်"
"အခုကထီးမပါလာတာတော့လေ ပြန်ပေးချင်တာမို့
ဖြစ်နိုင်ရင် ဖုန်းနံပတ်လေးပေးလို့ရလားဟင်"
"ကိုယ့်ဖုန်းနံပတ်အလွတ်မရဘူး၊ ဒီလိုလုပ်လေ မင်းထီးပါလာတဲ့အခါကျ စာကြည့်တိုက်မှာပဲ တို့ နာမည်နဲ့
ထားခဲ့လိုက်လေ"
"အဲ့လိုကျတော့လဲ သေချာလက်ထဲမရောက်မှာစိုးလို့ပါ
နှိုင်းရဲ့ ဖုန်းနံပတ်ပဲ ယူသွားလိုက်ပါလား ဒါဆို"
"ဟုတ်ပြီကွယ် ဒါဆိုလဲ မင်းဖုန်းနံပတ်ပြောလေ"
"09****** ပါ အမ"
"ဟုတ်ပြီ"
"အမ က သိပ်လှတာပဲနော်"
"အို ဒီလိုပြောတော့ မုန့်ကျွေးရတော့မယ် ထင်ပါရဲ့"
"တကယ်လှတာ နှိုင်းဘဝမှာ ဒီလောက်လှတဲ့ အမျိုးသမီးကို မမြင်ဖူးသေးတာ အမှန်ပဲ"
"ဟုတ်ပါပြီ စကားတတ်လေးရယ် ဒါဖြင့် ကိုယ့်ကို လာကြိုပြီမို့ သွားဦးမယ်နော်"

ထိုအမျိုးသမီး ကားထဲဝင်ခါနီးမှ နာမည်မေးမို့
သတိပြန်ဝင်လာသည်မို့

"အမ အမရဲ့ နာမည်က"

ထိုအမျိုးသမီးနှုတ်ခမ်းမှ နာမည်တခုကို ပြောလိုက်သည်။
သို့သော် နှိုင်းတယောက် အိပ်မက်ကနိုးလာချိန်မှာတော့
နာမည်ရော၊ မျက်နှာရောကို မမှတ်မိပေ။ အိပ်မက်ထဲက လူရဲ့ နာမည်၊ မျက်နှာကို မမှတ်မိတာကတော့ မထူးဆန်းပါဘူးလေ။

နှိုင်းတယောက် အိပ်မက်အကြောင်း တမနက်လုံးစဉ်းစားပြီး ထိုအမျိုးသမီးပြောလိုက်သော နာမည်အား
ပြန်စဉ်းစားနေသည်။

"တကယ်ပဲ မမှတ်မိဘူးကွာ"
"ဘာမမှတ်မိတာတုန်း သမီးရဲ့"
"ဘာမှမဟုတ်ပါဘူး မနေ့ညကကျက်ထားတဲ့
စာမမှတ်မိတာပါ"
"အော် အေးပါကွယ် စာလဲသေချာလုပ်ဦးနော်"
"ဟုတ်ကဲ့ပါမေမေ"

နှိုင်းလဲ မနက်စာစားပြီးနောက် ကျောင်းသွားရန် ပြင်ဆင်ပြီး ဖယ်ရီကားအလာကို စောင့်နေရင်း ထိုအမျိုးသမီး​၏ ထီးအားလဲ မမေ့မလျော့လက်ထဲတွင် ကိုင်ထားသည်။ ထီးလေးက
မိုးပြာရောင် အနုလေးဖြစ်ပြီး ပန်းဇီရောင် ပန်းပွင့်ကလေးတွေ ခြယ်သထားသည်။ ထီးလေးကလဲလှ ထီးပိုင်ရှင်လေးကလဲ လှပေါ့ဗျာ။

#oo
5.2.23

အကောင်းဆုံးဖြစ်အောင် ရေးသားထားပါတယ်။
ကြိုက်နှစ်သက်ရင် votes လေးတွေပေးကြပါဦးဗျ။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now