ထိုစဉ် ဆိုဖာပေါ်တွင် အမျိုးသမီးတဦး၊ ထူထပ်လှသည့်
ဆံနွယ်များအား စည်းနှောင်ထားပြီး ပန်းတမျိုးပုံစံ
ဆံညှပ်ကို ညှပ်ထားသည်။ ပန်းဇီရောင် မြန်မာရင်ဖုံလေးကို ဝတ်ဆင်ထားပြီး သိပ်ကို တင့်တယ်လှပသည်။ ညိုလတ်သောအသားအရည်နဲ့ အရပ်အမောင်းမှာလဲ ထောင်ကောင်းသည်ဟုဆိုရမည်။"သမီး ဆရာမကို နှုတ်ဆက်လိုက်ပါဦး"
"ဟုတ် မင်္ဂလာပါ တီချယ်"
"မင်္ဂလာပါကွယ်"
"သမီးက ခုမှ It ကို လေ့လာမှာဆိုတော့ လက်ပ်တော့ မဝယ်ရသေးဘူး၊ အန်တီကလဲ အဲ့အကြောင်းတွေ သိပ်နားမလည်တော့လေ"
"ဟုတ်ပါရဲ့ အန်တီပြောထားတာ မေ့နေတာ၊ ဒါဆို ဒီနေ့ ရီနဲ့ အတူတူသွားဝယ်လိုက်မလား"
"ဒီလိုဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ကွယ်"
"ဟုတ် ဒါဆို အန်တီ ရီ့ရဲ့ ကားနဲ့ပဲ သွားကြမလား
အပြန်ကျရင် အန်တီတို့ကို ပြန်ဝင်ပို့ပေးပါမယ်"
"မဟုတ်တာ ဆရာမရယ် အလုပ်ပိုနေပါမယ်"
"ရပါတယ် ရီ့ရဲ့ ကားနဲ့ပဲလိုက်ခဲ့ပါ"
"ဟုတ် ကျေးဇူးပါ ဆရာမ"အနောက်ခန်းသို့ ဝင်မည်အလုပ်မှာ မေမေက ဆရာမ
ဘေးတွင် သွားထိုင်ဟူသော အကြည့်ဖြင့် နှိုင်းကို မျက်စပစ်ပြသည်။ ဒါကြောင့် နှိုင်းလဲ ဆရာမ ဘေးတွင် ဝင်ထိုင်ရသည်။ဆရာမရဲ့ ကားမောင်းပုံမှာ အေးအေးဆေးဆေးနှင့်
အလွန်စမတ်ကျလှသည်၊ တချက်ချက် နှိုင်းခိုးကြည့်မိတဲ့အခါ ကားစီယာတိုင်ကို ကိုင်ထားတဲ့ လက်ချောင်း
သွယ်သွယ်လေးတွေမှာ သိပ်ကို လှပသည်။"ဆရာမ အခု ဘာတွေလုပ်နေလဲဟင်"
"ရီက It နယ်ပယ်မှာကျွမ်းကျင်တာဆိုတော့ software
အပိုင်းတွေနဲ့ပတ်သက်တဲ့ ကုမဏ္ဏီဖွင့်ထားတယ် အန်တီ"
"ဒါဆို ဆရာမက CEO ပေါ့"
"ဟုတ်ကဲ့"
"ဒီလိုဆို သမီးကို သင်ပေးဖို့အချိန်ရှိရဲ့လား အားနာလိုက်တာ ဆရာမရယ်"
"ရပါတယ်၊ ပုံမှန်ဆိုရင်တော့ စာသင်လေ့သင်ထမရှိပေမယ့်ညီမလေးကိုတော့ စာသင်ပေးဖို့ အတွက်တော့ ရီ အချိန်ပေး
နိုင်ပါတယ် ဒါနဲ့လေ"
"ပြောပါ ဆရာမ"
"ရီ့ကို ဆရာမ လို့မခေါ်နဲ့လား ရီလိုပဲ ဖြစ်ဖြစ် သမီးလို့
ဖြစ်ဖြစ်ခေါ်ပါလား အန်တီ"
"ကောင်းပါပြီ သမီး"နှိုင်းတယောက် ဘာပြောရမှန်းမသိသဖြင့် ဘေးမှန်ကိုသာ ငေးကြည့်နေတော့သည်။

YOU ARE READING
ချစ်ခြင်းရဲ့အလွန်
Romanceအမျိုးသမီးတဦး၏ ချစ်ခြင်းမေတ္တာကို အလှပဆုံးပုံဖော်ထားပါသည်။ romantic ဆန်ဆန်နဲ့ ခံစားချက်ပေါင်းများစွာ ပါဝင်သော ဝတ္ထုဖြစ်အောင်လဲ ပုံဖော်ထားပါသည်။