Part-16

219 14 0
                                    

"ဟယ်လို"
"ကိုယ်ပါ"
"တီချယ်လား"
"မဟုတ်ပါဘူး ကိုယ့်အသံကို မမှတ်မိဘူးလား"
"ဘယ်သူများလဲဟင်"
"ကော်ဖီဝယ်တိုက်တဲ့ တယောက်လေ"
"အာ ဖုန်းနံပတ်အစိမ်းဆိုတော့ ရုတ်တရက်မမှတ်မိ
လိုက်တာ တောင်းပန်ပါတယ်"
"ရပါတယ်"
"စိတ်မဆိုးပါနဲ့နော် အမ"
"မဆိုးပါဘူး ရပါတယ်ဆို"
"ဟုတ် ဘာပြောချင်တာရှိလို့လဲဟင်"
"မနက်ဖြန်ညနေ မင်းတို့နားက 'ဖန်စီ' ကော်ဖီဆိုင်ကို လာခဲ့လို့ရမလား"
"ဟုတ် ရပါတယ်"
"အင်း သေချာအောင်ပြောချင်လို့ ဖုန်းဆက်လိုက်တာ
ဒါပဲနော်"
"အော် ဟုတ်ကဲ့ အမ"

နှိုင်းစိတ်ထဲ တခုခုကို ဇဝေဇဝါနဲ့ စိုးရိမ်နေမိတာတော့
အမှန်ပင်​။ ထိုအမျိုးသမီးချိန်းတာကို လက်ခံလိုက်ပေမယ့် မနက်ဖြန် တီချယ်စာလာသင်ရင် အိမ်မှာ နှိုင်းမရှိနေမှာကို စိတ်ပူသည်။ ကြိုတင်ဆက်မေးဖို့ကျပြန်တော့လဲ
နှိုင်း မဆက်ရဲပြန်ပေ။ တွေးရင်းနဲ့ စိတ်ရှုပ်လာလို့ ရေဒီယိုဖွင့်လိုက်သည်။

ထိုစဉ်

"ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုရင် နေပါစေ၊ တူညီတဲ့
တုံ့ပြန်မှုလေးတော့ ရချင်မိတယ်။ မပေးနိုင်လည်း
အပြစ်မယူချင်တယ် နေပါစေ၊ ကြင်နာမိတဲ့ ချစ်သူ
တယောက်မို့ ခွင့်လွှတ်တယ်၊ ဘယ်ကိုသွားသွား ဘယ်ကိုရောက်ရောက် ထာဝစဉ် အမြဲတမ်း ရင်မှာ စိုးမိုးလွန်းလှ
တယ်"

နှိုင်းအခန်းထဲရှိ ရေဒီယိုလေးမှ သံစဉ်များထွက်ပေါ်လာသည်။ ခုခေတ်လူငယ်တယောက်အနေနဲ့ ရေဒီယို
နားထောင်တာဟာ တခြားလူတွေအတွက်တော့ အံ့ဩစရာဖြစ်နေမည်။ နှိုင်းနှစ်သက်သော သီချင်းတပုဒ်မို့
နားဆင်ရင်း အိပ်ရာဝင်တော့သည်။

နောက်တနေ့မနက်

သမီး နှိုင်းငယ်ရေ ထတော့ အောက်ဆင်းလာဦး ဟုဆို​သော မေမေ့အသံကြားမှပဲ နှိုင်း နိုးလာတော့သည်။

ဟုတ်ပါရဲ့ ၉ နာရီတောင်ကျော်နေပြီ။ ပုံမှန်ဆို ၈ နာရီလောက်ဆို နိုးနေကျကိုလေ။

"ဟုတ် ခဏလေး မေမေရေ"

မျက်နှာသစ်၊ သွားတိုက်ပြီး ရေချိုးဖို့ ပြင်နေတုန်း တံခါးခေါက်သံ ကြား၍ သွားဖွင့်ပေးရာ မမျှော်လင့်ထားသော လွမ်းနေရပါသော အမျိုးသမီး ဖြစ်နေသည်။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now