အခန်းထဲရောက်တော့ မပိုး ပေးတဲ့ လက်ဆောင်ဗူးလေးကို ဖွင့်ကြည့်မယ် ရှိသေး...
"သမီး နှိုင်းငယ်ရေ လာဦး"
"ဟုတ် လာပြီ"
"သမီး အဘွား ချော်လဲတာ ခေါင်းထိသွားတယ်တဲ့၊ အဲ့တာ မာမားတို့ မနက်ဖြန်မနက်ကားနဲ့ သွားရမယ်"
"ဟင် ဘယ်လိုဖြစ်တာလဲ တီလေးဖုန်းဆက်တာလား"
"ဟုတ်တယ် ခုလေးတင်ပဲဆက်တာ သမီး အဝတ်တွေ
ထည့်ထား"
"ဟုတ်ဟုတ် စိုးရိမ်ရလား မေမေ"
"မသိသေးပါဘူး သမီးရယ် တီလေးလဲ စိတ်တွေပူလို့ ငိုနေတာ"
"မေမေလဲအရမ်းစိတ်မပူနဲ့ဦး၊ စာရွက်စာတမ်းတွေ
ထည့်ထားဦးနော်"
"အေးပါ သွားသွား အင်္ကျီသွားထည့်"နှိုင်းလဲ အခန်းထဲပြန်ဝင်လာပြီး လိုအပ်တာတွေ ပါအောင် ထည့်နေရတာမို့ ဖုန်းကောလ်တွေဝင်လာတာ သိပေမယ့်လဲ မကိုင်ဖြစ်ပေ။
"သမီး အိပ်တော့နော်၊ မနက်အစောကြီးထရမှာ"
"ဟုတ် မာမား"နောက်နေ့မနက်မှာ မေမေနဲ့အတူ အဘွားစီကို သွားရသည်။ ဘွားဘွားက အရမ်းကြီး မထိခိုက်သွားပေမယ့်
ဒူးအရိုးတော့ အက်သွားတာသည်။ ဘွားဘွား ဝေယာဝေစကို လိုက်လုပ်ပေမယ့် လူပိုလဲ မရှိတာမို့ နယ်က အကူကောင်မလေးမလာခင်ထိ ဘွားဘွားစီမှာ နှိုင်းတို့
၄ ရက်လောက်နေလိုက်ရသည်။ ပြန်မယ့်နောက်နေ့ဆိုရင် ဒီနေ့လိုညမှာတော့ တီချယ့်စီက ဖုန်းဝင်လာသည်။"ဟယ်လို နှိုင်းငယ်"
"ဟုတ် တီချယ်"
"မင်း ဘယ်နေ့ပြန်ရောက်မှာလဲ"
"မနက်ဖြန် ညနေလောက်ပြန်ရောက်မယ် ချယ်"
"ဟုတ်ပြီ၊ အဲ့တာသိချင်လို့ ဖုန်းလိုက်တာကွယ်"
"ဟုတ်ကဲ့"
"ညစာရော စားပြီးပြီလား၊ ဖုန်းသာဆက်လိုက်ရတာ
မင်းကိုင်မှ ကိုင်ပါ့မလားလို့"
"တီချယ်ဆက်တာပဲကို နှိုင်းက မကိုင်ပဲနေပါ့မလား"
"မသိပါဘူး၊ အလုပ်တွေများရှုပ်နေသလားလို့ကွယ်"
"အလုပ်ရှုပ်နေရင်တောင် တီချယ့်ဖုန်းဆို ကိုင်ဖြစ်
အောင်ကိုင်မှာ"
"ဒီကလေး စကားသိပ်တတ်"
"ရီ နဲ့မို့လို့ပါ"
"မင်းနော် ခေါ်ပြန်ပြီလား လူကြီးကို"
"ဟီး ချစ်လို့စတာ"
"ဟော ပြောပြန်ပြီလား"
"စတာစတာ ဘယ်နေ့စာလာသင်မှာလဲဟင် ချယ်"
"မင်း အေးဆေးနားပါဦး၊ တို့ လာခဲ့ပါမယ်"
"မနားချင်တော့ဘူး၊ ပင်ပန်းတာတွေ ချယ့်မျက်နှာလေး
ကြည့်ပြီး အမောပြေချင်နေပြီ"
"နှိုင်းငယ် မင်းနော်"
"မပြောတော့ဘူး မပြောတာ့ဘူး၊ အပျိုကြီးရှက်သွားပြီ"
"ဘာအပျိုကြီးလဲ မင်းနော်"
"အပျိုလေး ဟီး"
"အဲ့ဆို ဒါပဲနော်၊ စောစောလဲအိပ်ဦး"
"ဟုတ်ကဲ့ တီချယ်"

YOU ARE READING
ချစ်ခြင်းရဲ့အလွန်
Romanceအမျိုးသမီးတဦး၏ ချစ်ခြင်းမေတ္တာကို အလှပဆုံးပုံဖော်ထားပါသည်။ romantic ဆန်ဆန်နဲ့ ခံစားချက်ပေါင်းများစွာ ပါဝင်သော ဝတ္ထုဖြစ်အောင်လဲ ပုံဖော်ထားပါသည်။