Part-11

153 11 0
                                    

မျက်နှာပေါ် နေရောင်ခြည်ဖျာကျလာတာကြောင့် နှိုင်း
နိုးလာသည်​။ ညက ရင်ထဲဗြောင်းဆန်ပြီး ဘယ်လို
အိပ်ပျော်လို့ အိပ်ပျော်သွားမှန်းမသိပါ။ အမျိုးသမီးက
နှိုင်းရဲ့ ရင်ခွင်ထဲတွင် ညကတည်းကလိုပဲ ရှိနေသည်။ညက တီချယ့်နဖူးကို နမ်းမိသွားသော အခိုက်အတန့်ကို ပြန်သတိရပြီး ကြည်နူးမိပြန်သည်။ တီချယ့်ရဲ့ မျက်နှာလေးက အဆီအဖုကင်းမဲ့ပြီး ချစ်စရာအလွန်ကောင်းလှ
သည်။ နှိုင်းလဲ အသဲယားလာတာမို့ တီချယ့်ရဲ့ပါးမို့မို့လေးအား အနမ်းပေးချင်စိတ်တို့ ပေါ်ပေါက်လာသည်။
ဤလုပ်ရပ်ဟာ သင့်တော်လား မသင့်တော်လားပင်
မခွဲခြားနိုင်တော့ပဲ နှိုင်း ထိုပါးမို့မို့လေးကို ဖွဖွလေးအနမ်းတပွင့်ပေးလိုက်မိသည်။

တကယ်ကို ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်လေးပါပဲ။ မြတ်မြတ်နိုးနိုးဖြင့် ထိုပါးပြင်လေးကို နှိုင်းရဲ့
လက်ဖျားလေးဖြင့် ကိုင်လိုက်တော့ တီချယ့်စီက အသံသဲ့သဲ့ကြားလိုက်ရသည်။ တီချယ်နိုးသွားသည့် ဟန်ရှိသည်မို့နှိုင်းလက်ကို အမြန်နောက်ဆုတ်ပြီး ငြိမ်ငြိမ်လေး
တီချယ့်ဘေးတွင် ပြန်လှဲနေလိုက်ပြီး အိပ်ချင်ယောင်
ဆောင်နေလိုက်သည်။

မိနစ်ပိုင်းလောက်ကြာတော့ အမျိုးသမီးက မျက်လုံးများကို အသာအယာဖွင့်လာပြီး နှိုင်းကို မော့ကြည့်လာသည်။

"မင်း နိုးနေပြီဆိုတာ တို့ သိတယ်"

နှိုင်းလဲ ခိုးနမ်းတာလူမိသွားပြီလား၊ စိတ်ဆိုးသွားရင်တော့ ဒုက္ခပါပဲ ဆိုပြီး ထူပူသွားသည်။

"အာ ဟုတ် စောနကပဲနိုးနေတာပါ၊ တီချယ် နိုးသွားမှာ
စိုးတာကြောင့် ငြိမ်ငြိမ်လေးနေနေတာပါ"
"တို့ ခေါင်းတင်ထားလို့ မင်း လက်မောင်းတွေ နာနေပြီလား ကလေး"
"မနာပါဘူး ရပါတယ် တီချယ်"
"မလိမ်စမ်းပါနဲ့ကွယ် တို့ ဆေးပူလိမ်းပေးမယ်"
"ဟုတ် အမှန်တိုင်းပြောရရင်တော့ နာတော့နာတယ်
တီချယ်၊ ဒါမယ့် တီချယ် သက်တောင့်သက်သာရှိဖို့
အရေးကြီးတယ်လေ"

စကားအပြန်အလှန်ပြောပြီးသည့်တိုင် တီချယ်က
နှိုင်းရင်ခွင်ထဲက ထွက်ဖို့ မေ့နေသည့်ပုံပါပဲ၊ ခဏလောက်ကြာတော့မှ~

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now