Part-14

151 11 0
                                    

"ဒါဖြင့် တီချယ် စိတ်ဝင်စားတဲ့ လူကရော"
"ဒါက ပြောပြလို့ မဖြစ်သေးပါဘူးကွယ်"
"အင်းပါ ကိုယ်ရေးကိုယ်တာဆိုတော့လဲ နှိုင်း နားလည်
ပါတယ်၊ အဲ့လူနဲ့သာ ဘာမှမဟုတ်ရင် ပြီးတာပါပဲ"
"ဒါတော့ စိတ်ချစမ်းပါကွယ်၊ သူ့ကို ယောင်လို့တောင် မစဉ်းစားဘူး"
"ဒါမယ့် သူနဲ့ အမြဲတွေ့တယ်မလား၊ အရင်အပတ်က
တောင် တွေ့သေးတယ်ဆိုလား သူပြောတာ နှိုင်း
ကြားလိုက်တယ်"
"အဲ့တာကလဲ အဘွားရဲ့ အိမ်မှာ အမှတ်မထင်တွေ့မိ
သွားတာပါကွယ်"
"အော် ထားပါ... နှိုင်း ရေသွားချိုးတော့မယ်"
"တို့ မနက်စာပြင်ပေးထားမယ်"
"အိမ်မှာ ဘာမှမဝယ်ထားမိဘူး၊ အပြင်မှာပဲ သွားစားကြ
မလား တီချယ်"
"ဒါဆိုလဲ မင်းသဘောပါကွယ်"
"တီချယ်လဲ ဟိုဘက်အခန်းမှာ ရေချိုးထားနှင့်လေ"
"ကောင်းပါပြီ"

ဒီလိုနဲ့ နှိုင်းတို့ ရေချိုးဝတ်ဆင်ပြီး မနက်စာစားဖို့ ထွက်လာခဲ့ကြသည်။ မနက်ဆို ဒီဆိုင်က လူရှင်းပြီး တိတ်ဆိတ်လှသည်။ အဝါရောင်မှိုင်းမှိုင်းလေးရှိသည့် ထောင့်စွန်းဝိုင်းလေးကို ရွေးထိုင်ကြသည်။

"ဘာထပ်စားချင်သေးလဲ နှိုင်း"
"ဟင့်အင်း ဗိုက်ပြည့်နေပါပြီ တီချယ်"

ထိုစဉ် နှိုင်းရဲ့ ပုခုံးပေါ်က အထိအတွေ့တခုကြောင့်
မော့ကြည့်လိုက်တဲ့အခါ ကောင်မလေးတယောက်ဖြစ်
နေသည်။

"မမနှိုင်းငယ် မလားရှင့်"
"ဟုတ် ဘယ်သူလဲမသိဘူး"
"ညီမက သုဝေပါ"
"ဟုတ် ဘာကိစ္စများလဲ"
"ညီမတို့ အရင်လက ပန်းချီပြပွဲမှာတခါဆုံဖူးကြတယ်လေ"
"အာ ရုတ်တရက်မို့ မမှတ်မိတာ စိတ်မရှိပါနဲ့နော်"
"ရပါတယ်ရှင့် အဆင်ပြေမယ်ဆိုရင် ဖေ့ဘတ့်
အကောင့်လေးပေးပါလားဟင် အရင်တခေါက်ကလဲ မတောင်းလိုက်ရလို့လေ"

ပုံမှန်အားဖြင့်ဆိုရင် နှိုင်းငယ်က ဖော်ရွေတတ်တဲ့
သူမဟုတ်ပေမယ့် တီချယ့်ရဲ့ စိတ်နေစိတ်ထားကို
သိချင်တာရော တီချယ့်ကို ကလိကလိဖြစ်အောင်
လုပ်ချင်တာရောကြောင့် ထိုကောင်မလေးအား
အကောင့်နာမည်ပြောပြလိုက်သည်။

"အော် အင်း ရပါတယ် အမ အကောင့်က..."
"ဟုတ် ခုအပ်လိုက်ပြီ လက်ခံပေးပါနော်"
"အင်း ခဏနေလက်ခံလိုက်မယ် ညီမလေး"
"ဟုတ်ကဲ့ ကျေးဇူးပါ ခွင့်ပြုပါဦးရှင့်"
"ကောင်းပါပြီ"

ထိုကောင်မလေးပြန်သွားတော့မှ တီချယ်မျက်နှာကို သေချာကြည့်တော့ မျက်နှာပေါ်တွင် ခံစားချက်တို့ကို
ဖုံးကွယ်ထားဟန်ရှိသည်။ သို့သော် စောနကလို စကားမပြောတော့ပဲ ရင်းရင်းနှီးနှီးတော့ မရှိတော့ပေ။

"တီချယ် တီချယ်လို့"
"အင်း"
"စကားလဲမပြောဘူး စိတ်ဆိုးနေတာလား"
"စိတ်ဆိုးရအောင် တို့က ကလေးလား"
"ဒါဆိုလဲ စကားပြောလေ အိမ်ရောက်တော့မှာကို"
"မပြောချင်ဘူး"
"တီချယ်"
"အင်း"
"တီချယ်လို့ ကားခဏရပ်ပေးပါလား"
"ဘာလုပ်မို့လဲ"
"ခဏရပ်ပေးပါ တီချယ်ရာ"
"အင်းအင်း"

လမ်းဘေးနားမှာ ကားရပ်ပြီးသည်နှင့် တပြိုင်နက်
နှိုင်း တီချယ့်ရဲ့ ပါးမို့မို့လေးအား အနမ်းပေးလိုက်သည်။

"မင်းဘာလုပ်တာလဲ"
"အသည်းယားလို့ နမ်းလိုက်တာလေ"
"မင်း မှာ နမ်းပိုင်ခွင့်ရှိလို့လား"
"နောက်တော့ရှိလာမှာပေါ့"
"တို့ မင်းကို စိတ်ဆိုးတယ်"
"တီချယ် က သိပ်လှတာပဲ"

တီချယ်ရဲ့ ပါးပြင်ပေါ်မှာ ဝဲကျနေတဲ့ ဆံနွယ်တချို့ကို
နားရွက်နောက်ထဲ ညှပ်ပေးလိုက်ပြီး မျက်နှာလေးကို အသာလှည့်ကာ အနမ်းပေးဖို့ အပြင်

"နှိုင်းငယ် မင်း တို့ကို ဘယ်လိုမိန်းမမျိုးထင်နေတာလဲ"
"ဟင်"

တီချယ့်ရဲ့ အသံမှာ ဒေါသသံ အနည်းငယ်ပါနေသည်။

"တို့ကို ဘယ်လိုမိန်းမစားမျိုးထင်နေတာလဲ"
"စိတ်ဆိုးသွားတာလား တီချယ်"
"မင်း ပါးစပ်ပိတ်ထားလိုက်တော့"
"တီချယ့်ကို တန်ဖိုးထားတယ် မြတ်မြတ်နိုးနိုးနဲ့ကို
စိတ်ရင်းနဲ့ ခင်တွယ်တာပါ"
"တော်တော့ မင်း အသံမကြားချင်ဘူး"
"ပါးပြင်မို့မို့လေးတဖက်ကို အနမ်းတပွင့်ခြွေလိုက်တာ ဒီလောက်တောင် အပြစ်ကြီးသွားသလား တီချယ်ရယ်"

တီချယ့်စီက ဘာစကားမျှ ထပ်မံမကြားရတော့ချေ။ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် နှိုင်းမှာ ဘာလုပ်ရဘာကိုင်ရမှန်းမသိပေ။ သို့သော် တီချယ့်မှာ တခုခုကို စိတ်ခုသွားပုံရသည်။

#oo
20.5.23

စိတိရောလူရော နာမကျန်းဖြစ်နေလို့ ကြာသွားတာ
အနူးညွှတ်တောင်းပန်ပါတယ်ဗျ။

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now