Part-9

153 11 0
                                    

ထိုကလေးကိုစောင့်ရင်း ရီလဲ နှိုင်းပေးခဲ့တဲ့ သူ့ရဲ့ လက်ပ်တော့ထဲက ကြည့်မယ့် ရုပ်ရှင်ကိုရှာပုံတော်ဖွင့်နေလေသည်။

"နှိုင်းရေချိုးပြီးပြီ မုန့်စားကြမယ်လေ တီချယ်"
"ဟုတ်ပြီ တို့ ဝိုင်းသယ်ပေးမယ်"
"နေပါ ရပါတယ် တီချယ်ရဲ့ အေးဆေးထိုင်နေပါ နှိုင်း လုပ်ပေးပါ့မယ်"
"ကောင်းပါပြီကွယ်"

"ရုပ်ရှင်ရွေးပြီးပြီလား တီချယ်"
"ဟင့်အင်း မင်း ဘာကြည့်ချင်မှန်းမသိလို့ တို့လဲ ရှာတုန်းရှိသေးတာ"
"သရဲကားကြည့်မယ်လေ တီချယ်"
"အို တခြားကားကြည့်ပါလားကွယ်"
"သရဲကြောက်တတ်လို့လား တီချယ်က"
"အဲ့လ်ုတော့မဟုတ်ပေမယ့် နည်းနည်းပေါ့ကွယ်"
"ဒါဆိုလဲ တခြားရုပ်ရှင်ကြည့်ကြမယ်လေ နှိုင်းမှာ
ပရိုဂျက်တာ ရှိတယ် အဲ့တာနဲ့ဆိုတော့ အကြီးကြီးကြည့်လို့ရတာပေါ့"
"မင်း သဘောပါကွယ်"
"ဟုတ် ရုပ်ရှင်ရွေးလိုက်နော် "
"ဒါက ဘာဇာတ်လမ်းလဲ နှိုင်း"

တီချယ် ညွှန်ပြနေသည့်ရုပ်ရှင်မှာ "Happiest Season" ဖြစ်သည်

"အဲ့တာက Drama(ဒရမ်မာ)ဇာတ်လမ်းလေးတီချယ်"
"တနည်းအားဖြင့်ဆို ကောင်မလေးနှစ်ယောက်ရဲ့
အချစ်ဇာတ်လမ်း တီချယ်"
"ဟုတ်လား တို့ အဲ့လိုဇာတ်လမ်းမျိုးတခါမှမကြည့်ဖူးဘူး"
"ကြည့်ကြည့်မလား တီချယ် ဇာတ်လမ်းလေးက အတော်ကောင်းတယ်၊ မိသားစုဇာတ်လမ်းမျိုးဆိုလဲ ဟုတ်တယ် တီချယ်"
"မင်း အညွှန်းကောင်းလို့ တို့ ကြည့်ချင်သွားပြီ၊ ဒါပဲ ဖွင့်
လိုက်တော့ကွယ်"
"ဟုတ်ကဲ့"

နှိုင်းလဲ ထိုရုပ်ရှင်ကြည့်ဖို့ ပြင်ဆင်ပြီး တီချယ့်ဖို့
အချိုရည်သွားဖျော်နေသည်။

"နှိုင်းရေ ဇာတ်လမ်းစနေပြီ"
"ဟုတ် လာပြီ"

အမျိုးသမီးမှာ ဒီဇာတ်လမ်းကြည့်ဖို့ အတော်ကို
စိတ်လှုပ်ရှားနေပုံရသည်။

ဇာတ်လမ်းစတွင် မင်းသမီးနှစ်ယောက်က အိမ်ခေါင်မိုးပေါ်တွင် ထိုင်ကာ စကားတွေပြောပြီး ကြည်နူးနေကြ
သည်ကို တီချယ်က

"တို့လဲ သူတို့လို တနေ့တော့ ချစ်သူနဲ့အတူတူ ကြယ်တွေကို ကြည့်ချင်တယ်ကွယ်"
"တီချယ့်မှာ ချစ်သူရှိလို့လား "
"ခုတော့ မရှိပါဘူးကွယ်"

ချစ်ခြင်းရဲ့အလွန်Where stories live. Discover now