Description

9K 272 11
                                    

Unicode

အမျိုးသားဇာတ်လိုက်ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

Description

စစ်ယွီသည် မန်ဟွာထဲသို့ ကူးပြောင်းသွားပြီး အမျိုးသားဇာတ်လိုက်၏ အဖေတူမအေကွဲအစ်မတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအစ်မကြီးမှာ လေပြင်းတိုက်တာကိုတောင် ခံနိုင်ရည်မရှိအောင် ဖျားနာနေတဲ့ ခန္ဓာကိုယ်လေးရှိသော်လည်း သူမနှလုံးသားက မြွေနှင့်ကင်းမြီးကောက်ကဲ့သို့ဖြစ်သည်။

သူမက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူမသည် အားလုံး၏မုန်းတီးခြင်းကို ခံခဲ့ရပြီး အနီးနားရှိ လူများ၏ ကျိန်ဆဲခြင်းကို ခံခဲ့ရပြီး တစ်ညတွင် မိုးရေထဲတွင် တစ်ယောက်တည်း သေဆုံးသွားခဲ့သည်။

ယခုမေးခွန်းမှာ အကြောင်းရင်းမရှိဘဲ သွေးအန်ပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် မကျန်းမမာလှသော အမျိုးသမီးတစ်ဦးအဖြစ် သူမ မည်သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။

ကံကောင်းထောက်မစွာ၊ စစ်ယွီသည် အခြားသူများ၏ကံကြမ္မာကို သူမ မြင်နိုင်သည်ကို မကြာမီ တွေ့ရှိခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူများ၏ ကံကြမ္မာသည် သူ့ထက်သာလွန်နေသမျှ ကာလပတ်လုံး သူမဘဝသက်တမ်းတိုးရန် သူတို့ရဲ့ ကောင်းချီးတွေကို အားကိုးနိုင်သည်။

သူမအတွက်ကတော့... စစ်ယွီသည် မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။ ဘယ်လိုပဲကြည့်ကြည့် မှန်ထဲကလူက မကြာခင်မှာ သေတော့မလိုပဲ။ ဒါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ၊ ကံဆိုးခြင်းလို့ လူတိုင်းပြောနိုင်ပါသည်။

ဤလှိုင်းလုံးသည် တည်ငြိမ်ခဲ့သည်။ သူမ ဘယ်လောက်ပဲ ရူးသွပ်စွာ ကစားနေပါစေ သူမ မသေဘူး။ (~ ̄▽ ̄)~

လူတိုင်းကြောက်ရတဲ့ နတ်ဆိုးကြီးနဲ့ မဆုံမချင်းပင် -

စစ်ယွီ - "မလုပ်ပါနဲ့၊ အဟင့်... အဟင့် ငါ့အနားကို မလာနဲ့။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now