အခန်း ၂၁

858 103 0
                                    


ခန်း (၂၁) (က)

နောက်နေ့မနက် စစ်ယွီနိုးလာသောအခါ သူမအိပ်ရာပေါ် ပြန်ရောက်နေကြောင်း သိလိုက်ရသည်။ သူမသည် မနေ့ညက ၀တ်စုံကိုဝတ်ထားဆဲဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူမကို စောင်ခြုံပေးထားခဲ့သည်။

သူမ အပြည့်အဝမနိုးသေးခင် မိနစ်အနည်းငယ်ကြာအောင် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်နေမိ၏။ မနေ့က ပဉ္စမသခင်လု သူမကို လိုက်ဖမ်းနေတာကို သူမ မှတ်မိသည်။ အဲ့ဒီနောက် သူမသည် ဧည့်ခန်းမှာထိုင်နေတဲ့ နတ်ဆိုးကို အဖော်ပြုပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ... ထို့နောက် သူမ အိပ်ပျော်သွားခဲ့ပုံရ၏။

သို့သော် တွေးကြည့်လျှင် အလွန်ထူးဆန်းပေသည်။ သူမ ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းပြီးကတည်းက ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဖူးဘူးဟု ထင်မိသည်။ နှစ်ပေါင်းများစွာ စုပုံထားသည့် ပင်ပန်းနွမ်းနယ်မှုသည် ဒီနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကြောင့် သက်သာရာရသွားပုံရသည်။ စစ်ယွီသည် သူမ၏လည်ချောင်းကို ပွတ်ကြည့်လိုက်သောအခါ သွေးအန်လိုစိတ် မရှိသည်ကို သိလိုက်ရ၍ အံ့ဩသွားရ၏။

ပုံမှန်အားဖြင့် သူမနိုးလာသောအခါ စုနေသောသွေးများကို အရင်အန်ရစမြဲဖြစ်သည်။ ဒီတစ်ကြိမ်သည် သွေးအန်စရာမလိုဘဲ ပထမဆုံး နိုးလာသည့်အကြိမ်ပဲဖြစ်သည်။

စစ်ယွီ​သည် လှိမ့်ပြီး ထိုင်လိုက်၏။ သူမလက်က ကုတင်ခေါင်းရင်းကို မတော်တဆ ထိလိုက်မိရာ တစ်ခုခုကို ထိမိသွားပုံပေါ်သည်။ သူမ အောက်ကိုငုံ့ကြည့်လိုက်တော့ သူမခေါင်းအုံးဘေးမှာ ချထားသည့် ကြွေပုလင်းသေးသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်သောအခါ ဆေးပြား ဆယ်ပြားက အထဲမှာ သပ်သပ်ရပ်ရပ်လေး စီနေတာကို တွေ့လိုက်ရ၏။ ပဉ္စမသခင်လုမနေ့က အတင်းအကြပ် စားခိုင်းသည့် ဆေးနှင့် ပုံစံအတူတူပင်။

ဒါဆို.... မနေ့က သူမကို အခန်းထဲ ပြန်ခေါ်လာတဲ့လူက ပဉ္စမသခင်လုပဲဖြစ်နိုင်လား။

စစ်ယွီ အဲ့ဒါကို တကယ်ပဲ စိတ်ကူးယဉ်မကြည့်နိုင်ပေ။ စိုးမိုးတတ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အဲ့လူက ဒီလောက်ကောင်းပေးပါ့မလား။ ဒီအလုပ်ကိုလုပ်ဖို့ သက်တော်စောင့်ကို ခေါ်ခဲ့တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt