အခန်း ၁၈

1.4K 145 11
                                    

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၈) (က)

ကျီလင်းရဲ့ ဖန်ကလပ်၏ အဓိကအဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ လျို့ယွီသည် ဒီနေ့က 'ဖက်ရှင်အိုင်ကွန်'၏ ပထမဆုံး ရောင်းသောနေ့ဆိုတာကို သဘာဝကျကျပင် မှတ်မိနေခဲ့သည်။ ဖန်ဂရုထဲတွင် အစောကတည်းက အမြန်လုကြဖို့ ဆွေးနွေးကြပြီး ဖြစ်သည်။ သို့သော်၊ ဒီတစ်ကြိမ်တွင် အနည်းငယ် ကွဲပြားသော အရာတစ်ခု ရှိနေပြီး သူတို့သည်လည်း အလွန်စိတ်အားထက်သန်နေခဲ့ကြ၏။ ရှုတင်တွင် ကျီလင်း ပါဝင်တယ်ဆိုတဲ့ အကြောင်းရင်းအပြင် အများစုသည် စစ်ယွီအတွက် ရောက်လာကြတာ ဖြစ်ကြသည်။

လျို့ယွီသည်လည်း ထိုထဲကတစ်ယောက်ပင်။ ကျီလင်း၏ ပရိသတ်အများစုကဲ့သို့ပင်၊ လျို့ယွီသည်လည်း ဖက်ရှင်အိုင်ကွန်၏ တရားဝင် ဝေ့ပေါ် ကြေငြာချက် ထုတ်ပြန်သည့်အချိန်ကနေ စစ်ယွီဆိုသည့် ကောင်မလေးကို သိခဲ့ရသည်။ ပထမတော့ သူမသည်လည်း မျက်နှာဖုံးဓာတ်ပုံအတွက် ကျီလင်းနေရာကို လုခဲ့တဲ့အတွက် စစ်ယွီကို အပြစ်တင်ခဲ့မိသည်။ သို့သော် ပုံတော်တော်များများကို ကြည့်ပြီးနောက် ရုပ်ရည်ချောမောသည့်လူများမှာ သူမ အားနည်းချက်ဖြစ်သည့် ဒီစီနီယာကြီး လျို့ယွီသည် ဓာတ်ပုံထဲက ပွင့်လန်းနေသည့် အလှတရားများကြောင့် အလွန်နစ်မြောသွားခဲ့သည်။

ဖြူဖျော့ဖျော့နှင့် မကျန်းမမာဖြစ်နေသော အသွင်အပြင်သည် လူတို့၏စိတ်ဝိညာဉ်ကို နှိုးဆွနိုင်ပြီး လျို့ယွီသည် ထိုစစ်ယွီကို မြင်လိုက်သည်နှင့် အကြည့်တစ်ချက်နှင့်ပင် ရန်သူ၏လက်ထဲသို့ သတိလက်လွတ်ကျသွားရရှာ၏။ သူမ၏စိတ်ထဲမှာ အမှားအယွင်းတစ်ခု ဖြစ်သွားသလို ကော်ပီများစွာ လုပ်ချလိုက်ပြီးနောက် မဂ္ဂဇင်း စရောင်းသည်နှင့် သူမပတ်ဝန်းကျင်ရှိ သူငယ်ချင်းများထံသို့ပါ အကြံပြုပေးလိုက်သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့၊ ဒီသစ္စာရှိပရိသတ်လေးတွေက သူတို့၏ အနုပညာရှင်ကို ပံ့ပိုးဖို့အတွက် အယ်လ်ဘမ် ဒါဇင်ရာပေါင်းများစွာကို ဝယ်ယူနေကျဖြစ်သည်။

လျို့ယွီနှင့်အတွေးတူသော လူများစွာ ရှိခဲ့သည်။ ထို့ကြောင့် အရောင်းစတင်သောအခါ ကွန်ပျူတာကိုကြည့်နေသော လျို့ယွီသည် ဝယ်ယူမှုခလုတ်ကို ချက်ချင်းနှိပ်လိုက်၏။ သူမ ငွေပေးချေပြီးသည့်နောက် စာမျက်နှာကို ရီဖလက် ပြန်လုပ်လိုက်သောအခါ မဂ္ဂဇင်းလက်ကျန်မှာ သုညဖြစ်နေခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Место, где живут истории. Откройте их для себя