Unicode
အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း
အခန်း (၅) (က)
ရုန်မြို့တော်ရှိ လုမိသားစုသည် စစ်ယွီ၏ မူလမန်ဟွာထဲမှ အင်အားကြီးမိသားစုတစ်ခုဖြစ်သည်။
လုမိသားစု၏ သမိုင်းသည် ရာစုနှစ်ပေါင်းများစွာ ရှိလာတာဖြစ်ပြီး နက်နဲသောအခြေခံရှိ၏။ သို့သော် ၎င်းတို့မှာ အလွန်အမင်း သိုဝှက်ကြသူများဖြစ်ပြီး အပြင်လူများမှာ သူတို့အား ရိပ်ခနဲမြင်ဖို့တောင် ခက်ခဲလှပေသည်။ အားလုံးသိကြသည်မှာ လုမိသားစုသည် ကိုင်လှုပ်လို့ပင်မရသော စီးပွားရေးအင်ပါယာကြီးဟူ၍သာ၊ သို့သော် လုမိသားစု၏ စစ်တပ်နှင့် နိုင်ငံရေးဘက်တွင်ပါ အတောင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားပြီး ဖြစ်သည်ကိုတော့ ဘယ်သူမှမသိကြပေ။ လုမိသားစုရှိ ကလေးတိုင်းသည် ချမ်းသာကြပြီး လေးစားစရာပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လူဘယ်လောက်များများကများ လုမိသားစုရှေ့မှာ မျက်နှာပြချင်နေမလဲဆိုတာ မသိနိုင်ပေ။
စစ်ယွီ၏ ‘စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး’ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်က ကျီလင်းဖြစ်သောကြောင့် ဇာတ်ကွက်သည် ကျီလင်း၏ အနီးတစ်ဝိုက်နှင့် အနုပညာလောကကိုသာ သေချာပြသထားခြင်းဖြစ်သည်။ သူမ၏ မန်ဟွာထဲတွင်တော့ လုမိသားစုအကြောင်းမှာ အနည်းငယ်သာ အတိုချုံး ဖော်ပြခဲ့တာဖြစ်သည် .... ထိုမိသားစုသည် နောက်ကွယ်တွင်သာ ရှိနေပြီး အသေးစိတ် ဘာမှမဖြစ်ခဲ့ပေ။
ဤနှစ်များတွင် အစက စီးပွားရေး ရင်းနှီးမြှုပ်နှံနေသော လုမိသားစုသည် အနုပညာနယ်ပယ်ထဲသို့ပါ တိတ်တိတ်လေး ခြေဆန့်လာကြ၏။ ကျီလင်း စာချုပ်ချုပ်ထားသော ရှင်းဖေးကုမ္ပဏီသည် လုကုမ္ပဏီ နောက်ခံပြုထားသော ကုမ္ပဏီအသစ်ဖြစ်သည့် ဟွမ်းယီမှ ဝယ်ယူခြင်းထံလိုက်ရပြီဖြစ်သည်။
ဟွမ်းယီသည် ကုမ္ပဏီအသစ်ဖြစ်သော်လည်း လုမိသားစုမှ ကျောထောက်နောက်ခံပေးထား၏။ အနည်းဆုံးတော့ ၎င်းမှာ ပိုက်ဆံနှင့် အဆက်အသွယ်အတွက် ပူစရာမလိုတော့ပေ။ ယွီလင်းပြောသော အကြံပြုချက်သည် စစ်ယွီအား ထိုအကြံဉာဏ်ကို စတင်တွေးတောမိစေသည်။
JE LEEST
အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)
RomantiekName - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Abandoned Children Abusive Characters Acting Artists Beautiful Female Lead Celebrities Cold Love Intere...