အခန်း ၂၉

190 3 0
                                    


အခန်း (၂၉) (က)

စစ်ယွီသည် မီနူးတစ်ခုလုံးကို လှန်ကြည့်ပြီး ဤလူ့ကမ္ဘာရှိ မီနူးသည် ပဉ္စမသခင်လု၏ ထူးခြားသောအကြိုက်နှင့် မကြိုက်ညီနိုင်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူမသည် မီနူးကိုပိတ်ကာ ဘေးတွင် အလွန်သတိကြီးစွာဖြင့် ကြည့်နေသော ပိုင်ရှင်အား ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ယာဂုတစ်အိုးလောက် ချက်ပေးပါနော်၊ ဝက်သားပါးပါး နည်းနည်းလောက်ထည့်တယ်ဆိုရင် ရပါပြီ။"

ပိုင်ရှင်သည် အချိန်အတော်ကြာအောင် ဆက်စောင့်နေခဲ့ပေမယ့် နောက်ထပ် မှာတာကို မကြားရတော့ပေ။ သူသည် အံ့အားသင့်စွာ မေးလိုက်၏။ “ဒါ ဒါပဲလား…”

စစ်ယွီက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ဒီလောက်ဆို လုံလောက်ပါပြီ။"

ယာဂုတစ်အိုး မှာချင်ရုံဖြင့် စားသောက်ဆိုင်တစ်ခုလုံးကို ဘွတ်ကင်လုပ်ထားသည့် ဧည့်သည်ကို တစ်ခါမှ မြင်ဖူးပုံမရသော ဆိုင်ပိုင်ရှင် ... သူသည် စားပွဲထိပ်တွင်ထိုင်နေသော ပဉ္စမသခင်လုအား မျက်လုံးထောင့်မှ လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်သည်။ ဒီလူ၏ တည်ရှိမှုသည် ထူးခြားပေသည်။ ဆိုင်ရှင်သည် ဒီလူကသာ အမှန်တကယ် ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်သည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိပေသည်။ သို့သော်လည်း မျှော်လင့်ချက်ဖြင့် အချိန်အတော်ကြာ စောင့်ပြီးတာတောင် ပဉ္စမသခင်လုသည် စစ်ယွီ၏ အပြုအမူတွင် အမှားအယွင်း တစ်ခုမှ မရှိသလို သူ့ပုတီးစေ့များကိုသာ အသာအယာလှည့်နေခဲ့သည်။

နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူက တိတ်တဆိတ် သဘောတူနေတာပဲ။ ထို့ကြောင့် ဆိုင်ရှင်သည် အခြား ဘာမှမပြောရဲတော့ဘဲ အစားအသောက် ပြင်ဆင်ဖို့ ထိုနေရာမှ ချက်ချင်း ထွက်သွားလိုက်သည်။ သိပ်မကြာခင်မှာပဲ ရိုးရိုး ယာဂုပြုတ်အိုးကြီး ရောက်လာခဲ့သည်။

စစ်ယွီသည် ဆိုင်ရှင်အား ခွက်နှစ်ခွက်တောင်းလိုက်သည်။ သူမသည် ယာဂုတစ်ပန်းကန် ခပ်ပေးကာ ပဉ္စမသခင်လုရှေ့တွင် ချပေးလိုက်ပြီး ပြောလိုက်သည်။ “ရှင့်ရဲ့အရသာက အရမ်းထူးခြားလွန်းတယ်။ ကျွန်မရွေးတဲ့ အစားအစာအကုန်လုံး ရှင်မကြိုက်မှာစိုးလို့ ကျွန်မကြိုက်တဲ့ ကောင်းတာလေးပဲ မှာလိုက်တယ်။ တစ်ခါ‌တစ်လေ ရိုးရိုးယာဂု သောက်တာကလည်း မဆိုးပါဘူး။”

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Où les histoires vivent. Découvrez maintenant