အခန်း ၂၄

245 7 0
                                    


အခန်း (၂၄) (က)

လုရှင်းကျိုးရောက်ရှိလာခြင်းမှာ လူတိုင်း မမျှော်လင့်ထားသည့်အရာပင်။ ပြင်ပကမ္ဘာကြီးသည် ဟွမ်းယီ၏ ကျောထောက်နောက်ခံမှာ လုမျိုးရိုးဖြစ်ပြီး ဥက္ကဌမှာ လုမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲမှ တစ်စုံတစ်ယောက်ဖြစ်သည်ကိုသာ သိကြသည်။ သို့သော်လည်း ဒီဥက္ကဌအကြောင်းကို အများကြီးတော့ သိပ်မသိကြပေ။

ရှုချင်းဝမ်သည်လည်း အရင်ကမရှင်းလင်းခဲ့ပေမယ့် အခုတော့ သဘောပေါက်သွားပြီဖြစ်သည်။ ထိုညက ပန်းခြံထဲတွင် တွေ့လိုက်ရသော လူနှစ်ယောက်မှာ တကယ်တော့ လုမိသားစုဝင်များ ဖြစ်ကြောင်း သူမ ရုတ်တရက် သိရှိလိုက်၏။ သူမ၏ အတိတ်ဘဝတွင် သူမသည် ကျီမိသားစု၏ ချွေးမအဖြစ် ဆယ်နှစ်နေခဲ့သည်။ သွမ့်ရူလန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် သူမသည် လက်ထပ်ပြီးနောက် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ တဖြည်းဖြည်း ထွက်ခဲ့ပြီး အထက်တန်းလွှာ အမျိုးသမီးများ၊ မဒမ်များနှင့် ပေါင်းသင်းဆက်ဆံရန် သင်ယူခဲ့ရသည်။ သို့သော် သူမ၏ လူမှုကွန်ရက်သည် ကျယ်ပြန့်လှသော်လည်း လုမိသားစုမှ တစ်ယောက်ယောက်နှင့် ဆက်သွယ်နိုင်ဖို့တော့ သူမက အရည်အချင်း မပြည့်ဝခဲ့ပေ။

လုမိသားစုက လူတိုင်း မော့ကြည့်ရတဲ့ ပိရမစ်ထိပ်ဆုံးမှာ ရပ်တည်နေတယ်ဆိုတာ လူတိုင်း သိကြသည်။ အတိတ်ဘဝတုန်းက ကျီမိသားစုကုမ္ပဏီသည် ကြီးမားသော မှားယွင်းတွက်ချက်မှုတစ်ခုကြောင့် ဒေဝါလီခံရလုနီးပါး ဖြစ်သွားသည်ကို ရှုချင်းဝမ်တစ်ယောက် အခုထိ အမှတ်ရနေသေးသည်။ ထိုအချိန်တွင်၊ ရှုချင်းဝမ်အား ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသော အထက်တန်းလွှာ အမျိုးသမီးများအားလုံးသည် ညတွင်းချင်းပင် သူမကို ရှောင်ဖယ်သွားကြ၏။ လူတချို့ကဆို သူမကို နင်းချဖို့တောင် ရောက်လာကြသည်။ သို့သော် လုမိသားစုမှ ရိုးရှင်းသော စကားလေးတစ်ခွန်းကြောင့် ကျီမိသားစုသည် ဘေးဆိုးမှ လွတ်မြောက်သွားပြီး ကျန်းမြို့ ၏ ဒေသခံ အာဏာရှင်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်သည်။

ထိုအချိန်မှစ၍ ရှုချင်းဝမ်သည် ထိုအင်အားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော မိသားစုကို သိချင်စိတ် ပြင်းပြနေခဲ့ရသည်။ သူမကသာ လုမိသားစုက လူတွေနဲ့ သိကျွမ်းနေခဲ့ရင် ဘယ်သူကမှ သူမကို အထင်သေး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူးလို့ တစ်ချိန်က သူမ တွေးခဲ့ဖူးသည်။ သူမနောက်မှာသာ လုမိသားစုရှိနေရင် သူမက ပိုကောင်းတဲ့ဘဝမျိုး ရှိလာမှာပဲ မဟုတ်ဘူးလား။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora