အခန်း (၃) (က)

1.6K 168 0
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၃) (က)

သူမသည် သူမ၏အလုပ်ဟောင်းကိုပဲ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည့်အတွက် စစ်ယွီသည် စာချုပ်ကိစ္စအား နောက်ထပ် စိတ်ပူစရာမလိုတော့ဘဲ အားလုံး အဆင်ပြေသွားပေလိမ့်မည်။ အခု အရေးအကြီးဆုံးအရာမှာ အရည်အသွေးကို စုဆောင်းရန်သာဖြစ်၏။ အချိန်ကြာကြာ တီထွင်ဖန်တီးနိုင်စွမ်း အထောက်အပံ့ မရှိဘဲနဲ့ သူမက သူများတွေကို အခြေအနေတွေအကြောင်း ဘာကိုသုံးပြီး သွားပြောပြရမှာလဲ။ 

သူမသည် ကျိုးစစ်ယွီ၏ ဝေ့ပေါ်အား လွယ်လွယ်ကူကူပင် ဖွင့်လိုက်သည်။ အရင်ဘဝရဲ့ နာမည်ကြီး မန်ဟွာ ရေးဆွဲသူတစ်ယောက်အနေနဲ့ စစ်ယွီသည် ပရိသတ်များ၏ လုပ်ဆောင်ချက်များကို ကောင်းကောင်းသိထား၏။ သူမသည် ဝေ့ပေါ်တွင် အနှစ်သက်ခံရဆုံးလူတောင် ဖြစ်ခဲ့ဖူးသည်။ ယနေ့ခေတ်၏ အွန်လိုင်းမန်ဟွာပလက်ဖောင်းသည် စတင်နေဆဲ ဖြစ်သဖြင့် သူမသည် အရာအားလုံးကို အစကနေ ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သည်။ ဒါပေမဲ့ ဒါကပဲ သူမအတွက် အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်နေတာပဲ မဟုတ်ဘူးလား။

ပလက်ဖောင်းပေါ်မှာ အခန်းဆက် မန်ဟွာတွေ တင်တာအပြင် သူမသည် ဝေ့ပေါ်ပေါ်တွင် ကာတွန်းရုပ်ပြောင်ပုစိလေးများကို အခါအားလျော်စွာ တင်ပေးနိုင်သည်။ ထိုအရာက ပရိသတ်တွေ အများကြီးကို ဆွဲဆောင်ပြီး ပလက်ဖောင်းဆီသွားကာ သူမ၏ မန်ဟွာအား ဖတ်ချင်လာအောင် ဆွဲဆောင်ပေးလိမ့်မည်ဖြစ်၏။ အင်တာနက်ခေတ်တွင် အင်အားသည် အခြေခံဖြစ်ပြီး နာမည်ကြီးခြင်းသည် တစ်ခြားလူများ အထင်သေးမခံရအောင် လုပ်ဆောင်ပေးလိမ့်မည်။ စစ်ယွီ၏ ရည်ရွယ်ချက်မှာ ပိုက်ဆံများများရဖို့ဖြစ်ပြီး ထိုအရည်အချင်းရှာဖွေကုမ္ပဏီနှင့် အလုပ်ဆက်မလုပ်ဖို့ဖြစ်သည်။ သူမ သေသေချာ‌ချာ စေ့စေ့စပ်စပ် စဉ်းစားဖို့လည်း လိုအပ်ပေသည်။

ဇာတ်ပို့အမျိုးသမီး၏ ဝေ့ပေါ် အား ဝင်လိုက်ပြီး လျှောက်ကြည့်လိုက်သောအခါ စစ်ယွီမှာ ပြောစရာစကားများပင် ပျောက်ရှသွားရ၏။ သူမ၏ စိတ်နေ‌စိတ်ထားကြောင့် ဟုတ်မဟုတ် မပြောတတ်ပေမဲ့ ကျိုးစစ်ယွီ၏ ဝေ့ပေါ် မှာ အဆိုးမြင်စိတ်တွေ ပြည့်နှက်နေပြီး သည်းခံပြီးတောင် မကြည့်နိုင်လောက်အောင်ပင်။ စစ်ယွီသည် မူလကိုယ်၏ လက္ခဏာလေးများအား ဖျောက်ဖျက်မပစ်ချင်သဖြင့် သူမသည် အကောင့်အသစ်သာ ဖွင့်လိုက်သည်။ 

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt