အခန်း ၂၇

502 73 1
                                    

အခန်း (၂၇) (က)

"<<ချင်ကော်>> ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကို အစောပိုင်းက ကြေငြာခဲ့ပါပြီ။ အခြားသူတွေလိုပဲ ဒီပို့စ်တင်တဲ့လူလေးက ယွင်ဟယ်အဖြစ် သရုပ်ဆောင်တဲ့ တတိယ အမျိုးသမီး ဇာတ်လိုက် ကျိုးစစ်ယွီအကြောင်းကို သိချင်မိတယ်။ ဘာပဲပြောပြော သူမက အရမ်းသိသာနေတာလေ။ တကယ်လို့ သူမမှာ အရင်က လုပ်ဖူးတဲ့ ပရောဂျက်တွေ ရှိတယ်ဆိုရင် ဒီပို့စ်တင်တဲ့လူလေးက သူမနဲ့ပက်သက်ပြီး လေးစားမှု ရှိနေမှာပါ။ ဒါပေမယ့် ငါ သူမရဲ့ အသေးစိတ် အချက်အလက်တွေကို သိရဖို့ နက်နက်နဲနဲ ရှာဖွေကြည့်တဲ့အခါ တစ်ခုခုကတော့ ညှီနံ့ထွက်နေတာ တွေ့ခဲ့ရတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ ဒါရိုက်တာလျန့်ရဲ့ ရုပ်ရှင်တွေက အမြဲတမ်း နာမည်ကြီး ကျော်ကြားတဲ့ ပရောဂျက်ကြီးတွေလေ။ ဒါပေမယ့် ကျိုးစစ်ယွီက သူမရဲ့ ပွဲဦးထွက်နေ့ကတည်းက ဓါတ်ပုံနည်းနည်းပဲ ရိုက်ကူးထားတာ။ တခြားကြော်ငြာတွေတောင် တစ်ခါမှ ရိုက်ကူးရေး မလုပ်ဖူးသေးဘူး။ ဒီလို အရည်အချင်းမပြည့်မီဘဲ ကျွမ်းကျင်မှု မရှိတဲ့ အသစ်တစ်ယောက်က ဒါရိုက်တာလျန့်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ထဲကို ဘယ်လိုနည်းလမ်းနဲ့ တိုးဝင်နိုင်မှာတဲ့လဲ။"

ပို့စ်ရဲ့အစတွင် သူတို့သည် 'ချင်ကော်' ၏ သရုပ်ဆောင်များကို စိတ်အားထက်သန်စွာ ရှာဖွေကြည့်နေသလိုမျိုး ရှိုးတစ်ခုလုပ်ပြထားခဲ့၏။ ထို့နောက် သူတို့သည် စစ်ယွီကို နောက်ဆုံး ပစ်မှတ်ထားလာခဲ့သည်။ ယခင်က မည်သည့်ပရောဂျက်မှ မရှိခဲ့သော အသစ်ကလေး စစ်ယွီသည် ထုတ်လုပ်ရေး အဖွဲ့ဆီ ဝင်ရောက်ရန်မှာ သူမ၏ အချိတ်အဆက်များပေါ်တွင် မှီခိုနေလောက်ကြောင်း သံသယဝင်ခဲ့ကြသည်။

ကျီလင်းလည်း ပါဝင်သရုပ်ဆောင်ထားသောကြောင့် ဒါရိုက်တာလျန့်၏ ဤပရောဂျက်အသစ်ကို လူအများက အာရုံစိုက်ခဲ့ကြသည်။ ဤပို့စ်သည် ဖိုရမ်၏ ပင်မစာမျက်နှာတွင် အလျင်အမြန်ပင် ထိပ်ဆုံး ဖြစ်လာခဲ့၏။ စစ်ယွီသည် 'ထုတ်လုပ်ရေးအဖွဲ့သို့ ဝင်ရောက်ရန် ကိုယ်ပိုင်အစွမ်းအစမရှိ' ဟူသည်နှင့်ပက်သက်၍ ၎င်းတို့၏သံသယများကို အဆက်မပြတ် ဖော်ထုတ်နေသော လူအုပ်စုကြီးတစ်စုသည် အဆိုပါပို့စ်နှင့် တွဲလျက် ပါလာခဲ့ကြသည်။ ထို့အပြင် အလျင်အမြန်ပင် စစ်ယွီ၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းတစ်ခုလုံးကို ထုတ်ဖော်ခဲ့သူလည်း ရှိသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now