အခန်း ၂၈

486 63 0
                                    


ခန်း (၂၈) (က)

စစ်ယွီတစ်ယောက် ဤစာကို မြင်လိုက်သောအခါ သူမ၏ နှလုံးသားလေး ချက်ချင်းပင် တုန်လှုပ်သွားရသည်။

ဒီနတ်ဆိုးကောင် ပဉ္စမသခင်လုက ဘာလာလုပ်တာလဲ။ နောက်ဆုံးတော့ သူမက တစ်လလောက် ငြိမ်းငြိမ်းချမ်းချမ်း နေမလို့လေ။ နေ့တိုင်း သူမ ရုပ်ရှင် ရိုက်ဖို့ပဲလိုပြီး ဘာမှလုပ်စရာမရှိရင် ဟိုတယ်အခန်းထဲမှာ အသိုက်လုပ်ပြီး ပုံဆက်ဆွဲနိုင်တယ်။ သူမကိုယ်သူမ ကံကောင်းသူတွေနဲ့ ဝန်းရံထားပြီး ပျော်ရွှင်စရာကောင်းသော ဘဝကို နေနေခဲ့တာ။ ဒါ့အပြင် နောက်ဆုံးမှာတော့ သူမ ဝိတ်နှစ်ပေါင်တောင် တက်လာခဲ့သေးတာ။ နတ်ဆိုးဘုရင်ကြီးက ရုတ်တရက်ကြီး သူမကို လိုက်ရှာနေတယ်ဆိုတာ ဆိုလိုတာက သူမအသက်ကို လိုချင်နေတာပဲ မဟုတ်ဘူးလား။

စစ်ယွီသည် သူမမျက်နှာကို ခေါင်းအုံးထဲ မြှုပ်လိုက်သည်။ သူမ တကယ် မဆင်းချင်ပေမယ်ြ နောက်ပိုင်း ဖြစ်လာမည့် သူမ ကိစ္စတွေကို သေချာ ပြန်စဉ်းစားပြီး အဲ့ဒီအတွေးကို လက်လွှတ်လိုက်သည်။ အဲ့ဒီအရူးကြီးက သူမကို မတွေ့ရလို့ ရိုးရိုးရှင်းရှင်းလေးပဲ သူမအခန်းဆီ တက်လာပြီး သူမကို သတ်ပစ်လိုက်မယ်ဆို အဲ့ဒါက ပိုကြောက်ဖို့ကောင်းတာ မဟုတ်လား။ ပဉ္စမသခင်လို လုံးဝ အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့လူက အဲ့ဒါကို သေချာပေါက် လုပ်လိမ့်မယ်ဟု စစ်ယွီခံစားနေရ၏။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ်တုန်းက သူက သူမကို အခန်းထဲ ပြန်သယ်လာပေးတဲ့လူပဲလေ။

ထားလိုက်ပါတော့၊ သေခြင်းတရားက လူသားအားလုံးအတွက် အတူတူပါပဲ... စစ်ယွီသည် သူမ၏ ကုတ်အင်္ကျီကို ဝတ်ကာ ဟိုတယ်၏ ဧည့်ခန်းသို့ လေးနက်သော အမူအရာဖြင့် ဆင်းသွားခဲ့သည်။ မျှော်လင့်ထားသလိုပဲ အရင်တစ်ခေါက်ကနဲ့ အတူတူပင်။ ဧည့်ခန်းမှာ အလွန်ရှင်းလင်းနေပြီး အရိပ်တောင် မမြင်ရပေ။ သို့သော် စစ်ယွီတစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လိုက်သောအခါ ရင်းနှီးနေသော မိန်းကလေးအသံကို ကြားလိုက်ရ၏။

"မစ္စတာ ကျွန်မတို့ပြန်တွေ့ကြပြန်ပြီ။ နောက်ဆုံးအကြိမ်တုန်းက ရှင့်ရဲ့ နာမည်အပြည့်အစုံကိုတောင် မမေးနိုင်ခဲ့ဘူး... ဒီနေ့တော့ ကျွန်မတော့ တိုက်တိုက်ဆိုင်ဆိုင် တွေ့မိကြတာပဲ။ ကျွန်မ ရှင်နဲ့ ရင်းနှီးခွင့်ရနိုင်မလား သိချင်မိပါတယ်။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang