အခန်း ၂၆

497 71 2
                                    



အခန်း (၂၆) (က)

တကယ်တော့ ချင်ကော်ဇာတ်ကား မရိုက်ကူးခင်ကတည်းက ကျီလင်းသည် ဒရာမာဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးပြီးသားဖြစ်သည်။ အသက်မပြည့်သေးသည့်အတွက် အချစ်နှင့် ပက်သက်သောဇာတ်ရုပ်များအဖြစ် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတာသာ ဖြစ်၏။ ဒါ့အပြင် ကြောက်စရာကောင်းလှသည့် တိုက်ခိုက်နိုင်စွမ်းရှိသော ရည်းစားပရိသတ်များစွာလည်း ရှိနေသေးသည်။ ထို့ကြောင့် ကုမ္ပဏီနှင့် သူ့မန်နေဂျာတို့သည် သူ့အား အချစ်နှင့်ပတ်သက်သည့် ဒရာမာတစ်ခုခုကို မပါဝင်ဖို့ အမြဲသတိရှိစွာ ထိန်းချုပ်ထားခဲ့ကြသည်။ <<ချင်ကော်>> သည် သူရိုက်ကူးမည့် အမျိုးအစားအသစ်တစ်ခုဟာ ယူဆနိုင်ပေသည်။

အစကတော့ ဒါရိုက်တာလျန့်သည် ကျီလင်း၏ အတွေ့အကြုံမရှိခြင်းကြောင့် အခြားမင်းသမီးများနှင့် သရုပ်ဆောင်ရာတွင် သဘာဝမကျပုံပေါက်နေမည်ကို စိုးရိမ်နေသေးသည်။ သို့သော် ကျီလင်းသည် စစ်ယွီ၏ ရှေ့တွင် ရပ်နေချိန်တွင်၊ သူ ပုံမှန်အားဖြင့် ထုတ်လွှတ်လေ့ရှိသော လူညစ်ကလေးပုံစံမျိုး မရှိတော့ပေ။ ယင်းအစား ဧကရာဇ်အသစ်၏ စိတ်ပိုင်းဖြတ်မှုနှင့် ပြတ်သားမှုကို အပြည့်အဝ ပြသခဲ့သည်။

ဒီအရာသည် ကျီလင်း၏ ပထမဆုံးပြကွက်ဖြစ်၏။ ဧကရာဇ်အသစ်သည် နန်းတော်ထဲသို့ ဝင်တိုက်သောအခါ ကျဆုံးတိုင်းပြည်၏ မင်းသမီး ယွင်ဟယ်နှင့် တွေ့ဆုံခဲ့သည်။ တပ်သားများကဲ့သို့ ၀တ်ဆင်ထားသော ဇာတ်ရံနှစ်ယောက်သည် စစ်ယွီကို ဆွဲခေါ်ကာ ဧကရာဇ်အသစ်ရှေ့တွင် ဒူးထောက်ဖို့ သူမအား ဖိချလိုက်၏။ စစ်ယွီ၏အဝတ်အစားမှာ စုတ်ပြဲပြီး သွေးစွန်းနေခဲ့သည်။ သူမ၏ ဒူးခေါင်းသည် ရေခဲတမျှ အေးစက်နေသော မြေပြင်ကို ထိလိုက်သည်နှင့် ချောင်းဆိုးလာကာ နှုတ်ခမ်းမှ သွေးများ စီးကျလာခဲ့သည်။

ဒါရိုက်တာလျန့်နှင့် တခြားဝန်ထမ်းများမှာ အံ့သြတကြီး လန့်သွားကြ၏။ ဇာတ်ဆောင်တာဝန်ခံက ပြောလိုက်သည်။ “သူ.. သူမ တကယ် သွေးအန်နေတာလား။ သူမ တကယ်ပဲ သွေးအန်နေတာပဲ။ စောစောက ကျွန်တော် သူ့ကို သွေးအိတ်ပေးလိုက်တာကို မလိုအပ်ဘူးလို့ပြောလိုက်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now