အခန်း ၂၅

198 4 0
                                    


အခန်း (၂၅) (က)

ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဖို့ ရောက်လာတဲ့ ဟွမ်းယီရဲ့ စီအီးအိုနဲ့ လူမမာရုပ်ပေါက်နေတဲ့ ကျိုးစစ်ယွီတို့ကြားက ဆက်ဆံရေးက မဆိုးလောက်ဘူးလို့ ထင်ရတယ် — လုရှင်းကျိုးမှ ထုတ်လုပ်ရေး အဖွဲ့သားတွေကို ရင်းနှီးမြှုပ်နှံမှုမှာ တစ်ခါထဲ ငွေပေးချေလိုက်သောအခါ ထိုသတင်းကြီးသည် အတောင်ပံပေါက်နေသလိုပင် ချက်ချင်းပျံ့နှံ့သွားခဲ့၏။

စစ်ယွီသည် သူမ၏ မိတ်ကပ်ကို ထပ်မံလိမ်းခြယ်ပြီးစီးသွားပြီးနောက် ရိုက်ကူးရေးနေရာကို ပြန်လာသောအခါ သူမ ပတ်ဝန်းကျင်က လူများ၏ အကြည့်များသည် အရင်ကနဲ့ လုံးဝမတူတော့ကြောင်း ကောင်းကောင်းသိလိုက်ရသည်။ ထိုလူများသည် စပ်လည်းစပ်စုချင်သလို အနည်းငယ်လည်း ကြောက်ရွံ့နေခဲ့ကြသည်။

နောက်ဆုံးတော့ သူမက လုမိသားစုနဲ့ ဆက်သွယ်နိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ပဲလေ။ စစ်ယွီ မသိသောအရာမှာ ဤနေရာတွင် ရှိနေသည့် လူတိုင်းနီးပါးသည် သူတို့၏နှလုံးသားထဲတွင် သူမအား "ရန်စလို့ လုံးဝမရဘူး" ဟု တံဆိပ်ကပ်လိုက်ခြင်းပင်။

"ရှင်က အလုပ်အရမ်းရှုပ်တာ မဟုတ်ဘူးလား။" စစ်ယွီသည် သူမနောက်တွင် ကားရားကားရားလုပ်နေသော လုရှင်းကျိုးကို တစ်ချက်ကြည့်လိုက်ပြီး နဖူးကိုလက်ဖြင့် နှိပ်လိုက်မိတော့သည်။ လုမိသားစုရှိ လူတိုင်းသည် အလွန်လျို့ဝှက်ကြရှိသော်လည်း အခုတစ်ကြိမ်တော့ လုရှင်းကျိုးသည် ပုံမှန်အတိုင်း ဟုတ်မနေခဲ့ပေ။ သူသည် မြင့်မြတ်သောပုံစံဖြင့် ပေါ်လာခဲ့ပြီး လူတိုင်းရှေ့မှာပင် သူမအတွက် စကားပြောပေးခဲ့သည်။ သူက ဒါကို ဘာအတွက် လုပ်နေတာလဲ။

“ငါ အလုပ်ရှုပ်နေလား မနေဘူးလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့သူက ငါ မဟုတ်ဘူး။ ပဉ္စမသခင်ကသာ ငါ့ကိုပြန်မခေါ်ဘူးဆိုရင် ငါ သေချာပေါက် မပြန်ရဲဘူး။" လုရှင်းကျိုးသည် ခေါင်းငုံ့ကာ ဖုန်းဖြင့် စာရိုက်နေခဲ့၏။ သူ့ကြည့်ရသည်မှာ တစ်ယောက်ယောက်ကို သတင်းပို့နေပုံရသည်။ ထို့နောက် သူက ငြီးတွားလိုက်သည်။ "မင်းပြောကြည့်။ မင်းအရင်က နေကောင်းတုန်းက မင်းရဲ့ ဇာတ်ဝင်ခန်းတွေကို ဘာလို့ ရုတ်တရက် ထပ်ထည့်လိုက်တာလဲ။ မြန်မြန်ရိုက်ပြီး ရှုတင်ပြီးအောင် လုပ်လိုက်ရင် မင်းပြန်လို့ရပြီလေ။ အခု မင်းက ဒီလိုလုပ်လိုက်တော့ ငါလည်း မပြန်နိုင်တော့ဘဲ သတင်းပဲ ပို့နေရတယ်။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Onde histórias criam vida. Descubra agora