အခန်း ၂၂

707 103 0
                                    


ခန်း (၂၂) (က)

"ကတ်... အရမ်းကောင်းတယ်၊ မင်းတို့နှစ်ယောက်လုံး အရမ်းလိုက်‌လျောညီထွေရှိတယ်။” စစ်ယွီတစ်ယောက် ထိုစကားကို ပြောပြီး နောက်ဆုံးတွင် ဒါရိုက်တာလျန့်သည် စိတ်လှုပ်ရှားစွာပင် ကတ်ဟု အော်လိုက်တော့သည်။

အစပိုင်းတွင် ဇာတ်ညွှန်းအတိုင်း သွားနေသော်လည်း ရှုချင်းဝမ်မှ စစ်ယွီကို ရုတ်တရက် ရေထဲသို့ တွန်းချလိုက်သည်ကစပြီး စစ်ယွီမှ သူမအား ရေထဲသို့ ပြန်ဆွဲချသွားသည်အထိ ထိုပြကွက်များအားလုံးသည် သူတို့ဘာသာ ထပ်ဖြည့်ထားသော ဇာတ်ဝင်ခန်းများသာဖြစ်သည်။ သို့သော် ဒါရိုက်တာလျန့်သည် ရိုက်ချက်များကို အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက်၊ ပြန်ကြည့်လိုက်တိုင်း ဤအကွက်များသည် သင့်လျော်လှကြောင်း သူပို၍ယုံကြည်လာခဲ့၏။ သူသည် စိတ်လှုပ်ရှားမှုကြောင့် သူ့ပေါင်ကိုတောင် တစ်ကြိမ်လောက် ပုတ်လိုက်မိသည်။

အဲ့ဒါ မှန်တယ်၊ ဇာတ်ညွှန်းထဲမှာ တစ်ခုခုလွဲနေသလို သူအမြဲခံစားနေခဲ့ရတာ။ ယွင်ဟယ်ရဲ့ ပြောင်းလဲမှုက လုံးဝရုတ်တရတ်ကြီးပဲ။ သူမက နန်းတော်ထဲမှာ အနိုင်ကျင့်ခံရလေ့ရှိပြီး လုံးဝပြန်မပြောရဲခဲ့ပေ။ ဒီတော့ သူမလိုလူက တိုင်းပြည်ပြိုလဲပြီးတာတောင် ရန်သူကို အလျှော့မပေးဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ အဲ့ဒါကြီးက အဓိပ္ပါယ်ရှိမနေဘူး။

သို့သော် စစ်ယွီ၏ ဉာဏ်ကောင်းသည့်ရိုက်ချက်ကြောင့် အရာအားလုံး အဓိပ္ပါယ်ရှိသွားခဲ့သည်။ ယွင်ဟယ်သည် ပျော့ညံ့သူလည်းမဟုတ် သူရဲဘောကြောင်သူလည်း မဟုတ်ပေ၊ သူမသည် အရာအားလုံးကို ရေးကြီးခွင်ကျယ် မလုပ်ချင်ရုံသာ။ သူမ၏ နှလုံးသားထဲတွင် မာနရှိသည်။ ထို့ကြောင့် ယွင်မုန့်က သူမ၏ မင်းသမီးဖြစ်ခွင့်ကို မေးခွန်းထုတ်လိုက်တဲ့အခါ သူမချက်ချင်း ပြန်လည်ခုခံခဲ့တာပင်။

ပို၍အရေးကြီးသည်မှာ၊ ဒါရိုက်တာလျန့်သည် စစ်ယွီ၏ လိုက်လျောညီထွေရှိမှုမှာ အလွန်ကောင်းသည်ဟု ခံစားရ၏။ ရှုချင်းဝမ်သည် သူမ သရုပ်ဆောင်သည့်ပုံစံကို ရုတ်တရက် ပြောင်းလဲလိုက်သော်လည်း စစ်ယွီက ချက်ချင်းဆိုသလိုပင် ဇာတ်လမ်းကို ချောမွေ့စွာ ဆက်သွားနိုင်ခဲ့သည်။ သူမသည် ယွင်ဟယ်၏ ပင်ကိုယ်စရိုက်ကိုပင် ဖြည့်ဆည်းပေးခဲ့သေးသည်။ ဒါရိုက်တာလျန့်သည် အခုခေတ်တွင် ဒီလို ငယ်ရွယ်ပြီး ထက်မြက်သော သရုပ်ဆောင်မျိုးနှင့် တွေ့ခဲလှသည်။ ဤအတွေးကြောင့် သူသည် စစ်ယွီကို ပို၍ပင် ကျေနပ်သွား၏။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora