အခန်း (၉) (က)

1.3K 179 1
                                    

Unicode

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၉) (က)

[ကျီလင်း၏ ဖန်ကလပ်]: ကျီကော၊ နေ့လည်ခင်း တစ်ရေးအိပ်ရင်း ကြောင်လေးကို ဖက်ထားတဲ့ပုံ မင်းတို့ကို ပြမယ် ~ [ပုံ] ငါတို့ရဲ့ အဖိုးတန်လေးက အလုပ်တွေ ကြိုးစားနေခဲ့ရှာတာ။ နားရမဲ့အချိန်ဆို နား၊ ကစားရမဲ့အချိန် ကစားပါ။ မင်းရဲ့ ၁၈နှစ်မှာ မင်းလုပ်ချင်တာတွေ အကုန်လုပ်သင့်တယ်။ fan art အတွက် ဒီကောင်မလေး @နောက်နှစ်ငါးရာအထိ နေနိုင်မဲ့ ခိုအီငါးတစ်ကောင်ကို အရမ်းကျေးဇူးတင်ပါတယ်။ ဟူးဟူး ~ ကြောင်လေးကို ခေါင်းအုံးလုပ်ပြီး အိပ်နေတဲ့ ကျီကောက ရိုးရိုးရှင်းရှင်းနဲ့ကို အရမ်းချစ်စရာကောင်းနေတာ။ ဒီ‌တစ်ခေါက်တော့ ကျီကောရဲ့ ပုံရိပ်ကြီး သွားပြီပဲ ဟ ဟ ... ကျီကောရဲ့ လက်ထဲက ကြောင်လေးဖြစ်ချင်တဲ့ ချစ်သူရည်းစားဖန်လေးတွေ ဘယ်လောက်ရှိလဲ ငါသိချင်ပါတယ်။ လာကြ လာကြ ~ မင်းတို့ရဲ့လက်တွေကို မြှောက်လိုက်ကြတော့...

ယနေ့တွင် ကျီလင်း၏ တရားဝင် အကြီးဆုံး ဖန်ကလပ်မှ ပုံတစ်ပုံကို ရှယ်ခဲ့၏။ ထိုအရာသည် သူတို့အရင်တုန်းက ဘာစကားတစ်ခွန်းမှ မဆိုဘဲ ဒီတိုင်း ရှယ်ခဲ့တာတွေထက် အလွန်ထူးခြားနေသည်။ ဒီတစ်ကြိမ်တွင် ဖန်ကလပ်သည် ထိုပုံအား အလွန်သဘောကျခဲ့ကြောင်း သိသာပေသည်။ ကျီလင်း၏ နောက်ဆုံးရသတင်းများကို ကြည့်ရန် ဖန်ကလပ်၏ ပေ့စ်အောက်သို့ ပုံမှန်အတိုင်း ရောက်လာကြသော မရေမတွက်နိုင်သည့်ဖန်များသည် ဤပို့စ်ကို တွေ့မိသွားကြ၏။ 

အာ... ဒီပုံက ဘယ်လိုမှော်အစွမ်းတွေရှိလို့များ အမြဲတမ်း တစ်သီးတစ်ခြားနေတတ်တဲ့ ဖန်ကလပ်ကြီးကို ဒီလိုချီးကျူးစကားအရှည်ကြီး ရေးနိုင်စေရတာလဲ... မရေမတွက်နိုင်သော ဖန်များသည် ထိုသိချင်စိတ်နှင့် ပို့စ်ထဲသို့ ဝင်လာကြ၏။ သို့သော် သူတို့သည် ထိုပုံကို မြင်သောအခါ ချက်ချင်းပင် 'ဟဟဟ' ဟု မှတ်ချက်များ ရေးကြကာ ရှယ်ကြတော့သည်။ 

[မင်း ဒီနေ့ ကျီကောကို ကြည့်ပြီးပြီလား]: အခုအခြေအနေမှာ ငါတကယ်ကို ရွေးချယ်စရာမရှိဘဲ ‌ရှေ့ထွက်ပြီးဝန်ခံရတော့မယ်... အဲ့ဒါက တကယ်တော့ ငါက အဲ့ဒီကြောင်ပါ။ မင်းတို့ ငါ့ကိုကြိုက်ပေးကြလို့ ကျေးဇူးတင်ပါတယ်၊ ငါနဲ့ ငါ့သခင်ကို ပျော်စရာ ဇာတ်သိမ်းလေး ရရှိအောင် ဆုတောင်းပေးကြပါဦးနော်...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt